Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

မေလ ၁၉ရက်မွန်းလွဲ ၃နာရီခွဲမှစ၍ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ယမန်နေ့(မေလ ၂၀ရက်)တွင်လည်း ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

( ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)
( ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Albino Tiger Company-1)

▪️ကျားဖြူစစ်ကြောင်း တပ်စခန်းနေရာကို လေယာဉ်ဖြင့်ဗုံးကြဲ စစ်ကြောင်းဝင်လာ၍ တိုက်ပွဲဖြစ်နေဟုဆို

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ဝါဘသဲကျေးရွာအနီး စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေကြောင်း ကျားဖြူစစ်ကြောင်းနှင့် ​ဒေသခံများထံမှသိရသည်။

မေလ ၁၉ရက်မွန်းလွဲ ၃နာရီခွဲမှစ၍ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ယမန်နေ့(မေလ ၂၀ရက်)တွင်လည်း ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

“KNUနဲ့ PDF တွေပေါ့။ အဲဒီ တကြောမှာ သူတို့က လှုပ်ရှားမှုရှိတော့ စစ်ကောင်စီတပ်က ဒီတလောမှာ စစ်ကြောင်းတွေနဲ့ အဲဒီဘက်ထိုးလို့ တိုက်ပွဲဖြစ်တာပေါ့။ တချိန်ကဆို စစ်ကြောင်းထိုးတာမရှိဘူး လမ်းကင်း လမ်းလုံခြုံရေးလောက်ပဲ ယူထားတဲ့ အနေအထား။ အခုကတော့ လမ်းကင်း လမ်းလုံခြုံရေး မရှိတော့ဘဲနဲ့ သူတို့ စစ်ကြောင်းအနေနဲ့လှုပ်ရှားတာပေါ့။ တိုက်ပွဲဖြစ်တာက အဲဒါကြောင့် တိုက်ပွဲဖြစ်တာ။တိုက်ပွဲအခြေအနေကတော့ မနက်ဖြန်လောက်မှ သိနိုင်မလား မသိဘူး။ လမ်းသွားလမ်းလာတွေက ပြတ်နေတာ”ဟု ​​ဒေသခံသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်၍ ဒေသခံများ စစ်ရှောင်နေကြရပြီး လမိုင်း၊မော့ကနင်ဒေသသို့ သွားရောက်ခိုင်လှုံနေကြရသည်ဟု ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အကြား အဆိုပါဒေသရှိ ကျားဖြူစစ်ကြောင်း(၂) တပ်စခန်းကို စစ်ကောင်စီတပ်က မေလ ၇ရက်နှင့် ၈ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ရဲဘော် သုံးဦးကျဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဒေသကိုပင် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများဖြစ်ပွား​နေခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ဟိုတလောက စစ်တပ်က တိုက်လေယာဉ်နဲ့သွားပြီး ဗုံးချခဲ့တဲ့ ဗုံးကြဲခဲ့တဲ့နေရာပေါ့။ အဲဒီနေရာတစ်ဝိုက်က တိုက်ပွဲဖြစ်တာ။ မနေ့က တိုက်ပွဲဖြစ်တာ အဲဒီနေရာပဲ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။