Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနှင့်ရေဦးနယ်စပ် စစ်တပ်စစ်ကြောင်းထိုးမီးရှို့နေ၍​ ကျေးရွာ ၂၀ ခန့်မှ ပြည်သူ ၅၀၀၀ ​ကျော်ထွက်​ပြေး​နေရ

စစ်သားအင်အား ၈၀ ခန့်ပါ​သောစစ်​ကြောင်းကမေလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရေဦးနယ် မုတ်ဆီကျေးရွာမှတဆင့် ရေဦး၊ ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်းကျေးရွာများတဝိုက်သို့ စစ်ကြောင်းထိုးလာခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

(ရေဦးနှင့် ဒီပဲယင်းအရှေ့ခြမ်း ၂မြို့နယ်စပ်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး)
(ရေဦးနှင့် ဒီပဲယင်းအရှေ့ခြမ်း ၂မြို့နယ်စပ်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းနှင့်ရေဦးနယ်စပ် ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့နေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်သားအင်အား ၈၀ ခန့်ပါ​သောစစ်​ကြောင်းကမေလ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ရေဦးနယ် မုတ်ဆီကျေးရွာမှတဆင့် ရေဦး၊ ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်းကျေးရွာများတဝိုက်သို့ စစ်ကြောင်းထိုးလာခဲ့​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ထိုကြောင့် ရေဦး ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ကုက္ကိုစု၊ ဇိန့်ဇွန်း၊ ရွာသာလေး၊ မူးသာကုန်း၊ ‌ပေါက်သာ၊ ညောင်လှ ၊ သရက်တော၊ လက်ယက်ကုန်း၊ မူးခံတွင်း စ‌သော ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးမှ စစ်ရှောင်ပြည်သူပေါင်း ၅၀၀၀ ​ကျော်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထိုစစ်​ကြောင်းသည် ရေဦးနယ် ပေါက်သာရွာနှင့် ဆည်ကြီးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပေါက်သာနဲ့ ဆည်ကြီးဘက်ကိုလက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ဝင်ရောက်ပြီးကျေးရွာ၂ရွာလုံးကို မီးရှို့ဖျက်ဆီးထားပြီးဖြစ်ပါတယ်။ လက်ရှိ အဲဒီစစ်ကြောင်းကပိဋကတ်ကျရွာရှေ့ ဘုန်းကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲထားတယ်။”ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

နီးစပ်ရာကျေးရွာများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအား ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် အရေးပေါ်စစ်ဘေးရှောင်များအတွက် ရိက္ခာများကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်နေကြောင်း ထိုအဖွဲ့က အသိပေးသည်။

(ရေဦးနှင့် ဒီပဲယင်းအရှေ့ခြမ်း ၂မြို့နယ်စပ်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး)
(ရေဦးနှင့် ဒီပဲယင်းအရှေ့ခြမ်း ၂မြို့နယ်စပ်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး)

အလားတူ ရွှေဘိုနယ်အနောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်စစ်​ကြောင်းတစ်ကြောင်းထိုးနေ၍ ဒီပဲယင်းနယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင်ပြည်သူများ လက်ခံချက်ပြုတ်ကျေးမွေးရာ ဌာနများမှာ စားနပ်ရိက္ခာများ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိနေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook