Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းနယ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ခုနစ်ဦးခန့်သေဟု YRA ပြော

PDF ပူးပေါင်းတပ်များ၏ အနီးကပ်တိုက်ခိုက်ခြင်းကိုခံထားရသော စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်ရှိတွင် ထီးလင်းနယ် အကြည်ဘန်းကျေးရွာသို့ ၀င်ရောက်နေပြီး ထိတွေ့တိုက်ပွဲများ အချိန်မရွေးထပ်ဖြစ်လာနိုင်ကြောင်း ဂန့်ဂောခရိုင် PDF တပ်ရင်းများက အသိပေးထားသည်။

(ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၅/၁၆/၁၇ YRA - ထီးလင်းမှ တပ်ဖွဲ့၀င်များအားတွေ့ရစဉ်။ ဓာတ်ပုံ - YRA)
(ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၅/၁၆/၁၇ YRA - ထီးလင်းမှ တပ်ဖွဲ့၀င်များအားတွေ့ရစဉ်။ ဓာတ်ပုံ - YRA)

မကွေးတိုင်း ထီးလင်းမြို့နယ်ရှိ အောင်းမြောက်ကျေးရွာဘက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများပူးပေါင်းပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅/၁၆/၁၇)YRA-ထီးလင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ကျောက်ထုမှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကြောင်းနှင့် ရွှေအောင်သာအထိုင်တပ်မှ ထွက်လာသော အင်အား ၆၀ခန့်ပါ ပူးပေါင်းစစ်ကြောင်းကို YRA-ထီးလင်းနှင့် ဂန့်ဂေါခရိုင် တပ် ရင်း ၁၈-YNRF ပူးပေါင်းတပ်မှ မေလ ၄ ရက်နံနက် ၈ နာရီခန့်တွင် အောင်းမြောက်ကျေးရွာအနီး၌ အနီးကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ခုနစ်ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ရာ ဂျက်ဖိုက်တာတစ်စင်းဖြင့် စစ်ကူပေးရန် ရောက်ရှိလာသောကြောင့် တပ်ပြန်ဆုတ်ခဲ့ရသည်ဟု YRA-ထီးလင်းက ပြောသည်။

အထက်ပါတိုက်ပွဲတွင် တိုက်ပွဲကြာချိန် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ရှေ့တန်းရဲဘော်များဆုတ်ခွာချိန်တွင် လက်နက်ကြီး (၇)ချက်ကာ ပစ်ပေးခဲ့ရာ ထိချက်ကောင်းပြီး စစ်ကောင်စီတပ်သားစုဝေးရာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ယခုထက်ပို၍ ထိခိုက်သေဆုံးများနိုင်ကြောင်း YRA-ထီးလင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ထိခိုက်သေဆုံး နောက်တိုးရှိနိုင်တယ်ဗျ။ အဲ့ဒီနားမှာ တိုက်ပွဲဖြစ်ရင် လက်နက်ကြီးပစ်ရတာ ကံကိုကောင်းတတ်တာဗျ။ အရင်ကလည်း ချက်ကောင်းမိတာတွေနှစ်ခါသုံးခါဖြစ်ဖူးတယ်”ဟု YRA-ထီးလင်းမှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

PDF ပူးပေါင်းတပ်များ၏ အနီးကပ်တိုက်ခိုက်ခြင်းကိုခံထားရသော စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်ရှိတွင် ထီးလင်းနယ် အကြည်ဘန်းကျေးရွာသို့ ၀င်ရောက်နေပြီး ထိတွေ့တိုက်ပွဲများ အချိန်မရွေးထပ်ဖြစ်လာနိုင်ကြောင်း ဂန့်ဂောခရိုင် PDF တပ်ရင်းများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။