Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုအနောက်ခြမ်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေ

စစ်ကောင်စီတပ်သည် မေလ ၈ ရက် နံနက်ပိုင်းက ရွှေဘိုနယ်အနောက်ခြမ်းရှိ သရက်ပင်ဝန်းကျေးရွာသို့ ဝင်ရောက်၍ နေအိမ် ၂၂လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သရက်ပင်ဝန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - CJ
သရက်ပင်ဝန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ - CJ

▪️အရှေ့ခြမ်းတွင်လည်း စစ်ကောင်စီတပ်အား တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေပြီး အရှေ့ခြမ်း၌လည်း စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက သုံးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် မေလ ၈ ရက် နံနက်ပိုင်းက ရွှေဘိုနယ်အနောက်ခြမ်းရှိ သရက်ပင်ဝန်းကျေးရွာသို့ ဝင်ရောက်၍ နေအိမ် ၂၂လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“သရက်ပင်ဝန်းရွာကို မီးတင်သွားပြီး ညအိပ်တည်းတယ်။ ဘုန်းကြီးကျောင်းမှာ ရွာထဲက စားစရာတွေယူပြီး ထင်သလို ချက်ပြုတ်စားသွားတဲ့အပြင် ဖဲပါရိုက်သွားပါတယ်။”ဟု Shwe Bo Local Defence Force ၏ တာဝန်ခံတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေဘိုနယ်အရှေ့ခြမ်းရှိ ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား သုံးကြိမ်တိတိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – ARMY၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မေလ ၈ ရက် နေ့လည် ၁၂နာရီခန့်က ကျောက်မြောင်းမြို့၊ ခမရ(၁၂)မှ ဆိုင်ကယ် ၁၅စီးဖြင့် ကင်းပုန်းဝပ်ရန် ထွက်လာသော စစ်သားများအား တည်ပင်ရွာဇရပ်အနီး၌ တိုက်မိုင်း သုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။

အလားတူ ခမရ(၁၂)မှပင် ညနေ ၃ နာရီကျော်က ထွက်လာသော ( ၁၂ )ဘီးယာဉ် နှစ်စီးကိုလည်း ရွှေဘို – ကျောက်မြောင်းလမ်းပိုင်း တစ်နေရာတွင် တိုက်မိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားနှစ်စီးလုံး ထိမှန်သွားကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

ထို့အပြင် ရွှေဘိုမြို့တွင်းမှထွက်လာသော အင်အား (၄၀)ဦးခန့်ပါ စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲငယ်ဖြစ်ပွားခဲ့သည်ဟု BLACK WOLF – ARMYက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများတွင် စစ်အုပ်စုဘက်မှထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဖြစ်ပြီးတော့ ယာဥ်တွေရပ်သွားတာတော့မရှိဘူး။ ဆက်ထွက်သွားပါတယ်။ ရွှေဘိုနဲ့ကျောက်မြောင်းကို အမြဲသွားလာနေတာပါ”ဟု BLACK WOLF – ARMY ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုများအား BLACK WOLF – ARMY နှင့် တိုက်နယ် ပကဖ (၄)၊WHO AM I ARMYတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သို့သော်စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

ရွှေဘိုနယ်အနောက်ခြမ်းရှိ စစ်ကောင်စီတပ်သည် ညောင်ပင်သာ စိုက်ပျိုးရေးခြံ၌ တပ်စွဲထားပြီး ပျူသောထီးများလည်း အင်အားထပ်ဖြည့်ထားကြောင်း၊ အနီးဝန်းကျင်ရွာများအား ဆက်လက်စစ်ကြောင်းထိုးလာနိုင်၍ ပြည်သူများ သတိပြုနေထိုင်ကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။