Connect with us

Hi, what are you looking for?

LuduNwayOo

All posts tagged "စစ်ရေး"

သတင်း

လတ်တလောတွင် KIAက ကချင်နှင့်ရှမ်းမြောက်ရှိစစ်ကောင်စီတပ်စခန်း တစ်ခုပြီး တစ်ခု ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေသည့် အခြေအနေတွင် စစ်ရေးရှေ့အလားအလာကို မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသကိုဒေသခံများ ပြန်လည်ဝင်ရောက် နေထိုင်ခြင်းမပြုရန် KIAက အသိပေး တိုက်တွန်းထားသည်။ နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီတပ်ကို KIAက ၂၀၂၃ ဒီဇင်ဘာလကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ဒေသခံများ ထိုစဉ်ကတည်းက နီးစပ်ရာနေရာများသို့ စစ်ရှောင်နေကြရခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၄ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိ...

သတင်း

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

သတင်း

အများပြည်သူလုံခြုံရေးအတွက် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများအား နီးစပ်ရာ တော်လှန်ရေး အင်အားစုများထံ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြရန် စသည့် အချက် ငါးချက်အား အရာတော်(ပကဖ)အဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီ တပ်ရင်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ၊ ဂိတ်များ၊ တပ်စွဲရာနေရာများ နှင့်ပျူစောထီးကျေးရွာများ အနီးရှိ ပြည်သူများ ရှောင်တိမ်း ကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

သတင်း

အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် စစ်ရေးအရှိန်ပိုမိုမြှင့်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ တိုင်းပြည်နှင့်လူမျိုးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF မတူပီက ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီသည် '၁၀၂၇ စစ်ဆင်ရေး'အတွင်း လေကြောင်းတိုက်ခိုက်ခြင်းကိုသာ အဓိကထားပြုလုပ်လာနေပြီး နိုဝင်ဘာလ (၁၁) ရက်နေ့တစ်ရက်တည်းတွင် ကွမ်းလုံမြို့တစ်မြို့တည်း၌ပင် အကြိမ် (၉၀) နီးပါးထိ စံချိန်တင်ပစ်ခတ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။

သတင်း

မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေပြီးပြည်သူများ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမှုနှင့် စစ်ဘေးရှောင် ဖြစ်နေရမှုအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ခဲ့ပြီး လက်ရှိ အခင်းအကျင်းနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

၀ဒေသ နမ့်တစ်မြို့နယ်တစ်ဝိုက်တွင် စစ်ရှောင်ပြည်သူအများအပြား ရောက်ရှိလာ၍ အခမဲ့ နေရာထိုင်ခင်းများ၊ အစားအသောက်နှင့် ဆေးဝါးများ ပံ့ပို့ပေးထားသည်ဟု UWSAဘက်က အသိပေးထားသည်။

သတင်း

စစ်အာဏာရှင်များက လေသံပစ်နေသည့် ရွေးကောက်ပွဲ၊ စစ်အာဏာရှင်က ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးစကားပြောပွဲများကို အယုံအကြည်မရှိဟုလည်း ၎င်းကဆိုသည်။

Facebook