Connect with us

Hi, what are you looking for?

သတင်း

အင်း​တော်-ကသာကြားစစ်​ရေးအရအ​ရေးပါတဲ့စခန်းတစ်ခုကို​တော်လှန်​ရေးတပ်​တွေသိမ်း

စစ်သားအများအပြား​သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းရဟုဆို

စစ်သားအများအပြား​သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းရဟုဆို

ဩဂုတ်-၁၀၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊အင်းတော် နဲ့ကသာမြို့ကြားက စစ်ရေးအရအရေးပါတဲ့ နေရာတစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကတပ်ရင်းသုံးခုက ထုတ်နှုတ်အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ ပင်းမလွတ်လမ်းခွစခန်းကို ဟုမ္မလင်းPDF​တွေအပါအဝင်​တော်လှန်​ရေးမဟာမိတ်တပ်​တွေက သုံးကြိမ်တိုင်ထိုးစစ်ဆင်အပြီး ဇူလိုင် နောက်ဆုံးပတ်က သိမ်းပိုက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။

“အဲ့နေရာကစစ်ရေးအရ တကယ်အရေးပါပါတယ်။ဘာလို့ဆို အင်းတော် နဲ့ မော်လူးမှာတပ်စွဲထားတဲ့ စစ်တပ်က လက်နက်၊လူ၊ အစားအစာကို ကသာကို ပို့မရတော့ဘူး”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုးစစ်ဆင်သိမ်းပိုက်မှုတွေမှာ လက်နက်မျိုးစုံ ၅၀ ၀န်းကျင်ရရှိပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၃၀ ကျော်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရ ကျဆုံးသူတချို့ရှိတယ်လို့ ဆိုပါတယ်။

“စစ်ရေးအခြေနေကတော့ ကသာအဝင်ထွက်လမ်းကိုထိန်းထားတယ်။လောလောဆယ်တော့သူတို့(စစ်တပ်)ကနေ့တိုင်းလိုလို လေယာဥ်အကူဒရုန်းအကူ​တွေနဲ့လာတိုးတယ်”လို့ ကသာမြို့နယ်မှာရှိတဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်နဲ့ ဆက်စပ်​နေတဲ့ တကောင်းဒေသတွေကို အခုနှစ် မတ်လမှာ စစ်တပ်က ပြန်ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အင်အားထောင်ချီ အသုံးပြုကာအင်းတော်မြို့ကိုပါ ဆက်လက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါတယ်။အလားတူ ဗန်း​မောက်မြို့ကိုလည်း စစ်တပ်က ရှမ်းနီပြည်သူစစ် (SNA) ၊စစ်သားသစ်ဖြစ်တဲ့ ပြည်သူ့စစ်အင်အားအများအပြားသုံးပြီးပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။

ဒါ​ပေမယ့် ဇူလိုင်လမှာ မော်လူး၊အင်း​တော် နယ်ကစစ်​ကြောင်း​တွေပြန်လည်ဆုတ်ခွာ သွားခဲ့ပြီး စစ်တပ်က ရပ်ရွာ​တွေကပြည်သူသုံးတဲ့​ရေ​တွေကို အဆိပ်ခတ်ခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ် ။

လက်ရှိ တော်လှန်ရေးတပ်တွေ ပိတ်ဆို့ထားတဲ့ ကသာမြို့မှာ စစ်တပ်က ခမရ(၃၀၉)နဲ့ ခမရ(၁၀၆) တပ်ရင်းတွေ အခြေစိုက်ထားပြီး ရှမ်းနီပြည်သူ့စစ်တွေကိုလည်း စစ်ကူဖြည့်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

Facebook