Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာနေတဲ့ ဗန်းမော်မြို့ကို စစ်ရှောင်ဝန်ထမ်းတွေပြန်လာဖို့ စစ်တပ် ပြန်ခေါ်

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

(ဗန်းမော်မြို့ရှိ အငြိမ်းစားဝန်ထမ်းတွေကို စစ်ကောင်စီက ငွေပေးအပ်နေတာကို ၂၀၂၄က တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

စက်တင်ဘာ-၆၊၂၀၂၆။ဇော်ရမ်း/ People’s Spring

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ဗန်းမော်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်စတင်ဖို့အတွက် ပြန်လာကြဖို့ ညွှန်ကြားချက်ကို အခု စက်တင်ဘာလဆန်းမှာ ဖုန်းနဲ့ ဆက်သွယ်ပြီး အသိပေးတာလို့ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

” ကျတော်တို့က ဗန်းမော်နားက မြို့တွေမှာပဲ ပတ်ပြီး မိသားစုလိုက် စစ်ရှောင်နေရတာ။ဒီရက်ထဲ တိုက်ပွဲတွေပိုပြင်းထန်လာကာမှ ဌာနနဲ့ ပြန်ပူးပေါင်းဖို့ ပြောနေတယ်။ ဘာကို ယုံစားပြီး ပြန်ရမှာလဲ။ ရူးနေတာမှမဟုတ်တာ”လို့ အဆိုပါ ဝန်ထမ်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့ကို ရောက်နေတဲ့ ဗန်းမော်မြို့က ဝန်ထမ်းတစ်ဦးကလည်း အခုအချိန်မှာ ပြန်ဖို့လုံးဝမဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

ခရိုင်အဆင့်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဌာနဆိုင်ရာရုံးပေါင်းစုံ အခြေစိုက်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ဒီဇင်ဘာ ၄ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဌာနဆိုင်ရာရုံးတွေအားလုံးပိတ်လိုက်ရပြီး ဝန်ထမ်းတွေလည်း ထွက်ပြေးခဲ့ရပါတယ်။ဒေသခံတွေလည်း စစ်ရှောင်နေရတာ ၂နှစ်ခန့်ရှိလာပြီဖြစ်ပါတယ်။

စကခ (၂၁)အပါအဝင် စစ်တပ် တပ်ရင်းတွေကို KIA၊KPDF ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပြီး တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ စက်တင်ဘာလဆန်းမှာ ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်သင်္ဘောတွေကို ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ထဲမှာ KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က တိုက်ခိုက်ရေးသင်္ဘော ၂စီး၊ ကုန်တင် သင်္ဘော ၈စီးအပါအဝင် သင်္ဘော၁၅စီးနဲ့ မန္တလေးမြို့၊ ဂေါ်ဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်က ထွက်လာကို ရွှေကူနဲ့ ဗန်းမော်မြို့ကြားမှာ KIA၊KPDFက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာ ၂ရက်က တိုက်ပွဲအပြင်းအထန်ဆုံးဖြစ်ခဲ့ပြီး စစ်သင်္ဘော ၈ စီးဖျက်ဆီးခံရတဲ့အပြင် စစ်သုံ့ပန်း ၁၉၀ ကျော်ဟာ KIA၊KPDFထံ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့က စစ်တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အမြှောက်အပါအဝင်လက်နက်ခဲယမ်း‌ တွေလည်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့နယ်အထိ ဆက်လက်ဆန်တက်သွားတဲ့ သင်္ဘော ၇စီးကို KIA၊KPDFက ဆက်လက်တိုက်ခိုက်နေလို့ ဒီနေ့ စက်တင်ဘာလ ၆ရက်မနက်အထိ ကမ်းကပ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန်၊ အလံဖြူထောင်တဲ့ သင်္ဘောပေါ်က စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေသိမ်းရ