သတင်း စစ်ရေးအခြေအနေအရ ကလေး-တမူးလမ်းကို ညပိုင်း ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 26, 2022
သတင်း စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုဆက်လုပ်ပါက တိုက်ပွဲဆက်ဖြစ်မည်ဟု မတူပီ CDFပြော မတူပီ CDF၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ လေးကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။ LuduNwayOoဇူလိုင် 14, 2022
သတင်း စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန်ဆိုသည်မှာ စစ်ရေးကိုအရှိန်အဟုန်နှင့် ဖိဖိစီးစီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။ LuduNwayOoဇူလိုင် 12, 2022
သတင်း ချင်း – မကွေးနယ်စပ် မင်းတပ်နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းပစ်၊ မင်းတပ်ကိုဦးတည်ပြီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားနေ ထို့ပြင် မကွေးတိုင်း ထီးလင်းမြို့မှ ထွက်လာသည့် အင်အား ၉၀ခန့်ရှိ စစ်ကောင်စီတပ်သည် ယနေ့နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် ထီးလင်းမြို့နယ် အောင်းရွာအနီး ရောက်ရှိနေပြီး မင်းတပ်မြို့နယ် ရွှေအောင်သာရွာ သို့မဟုတ် တောင်ပေါ်သို့ တက်လာနိုင်ကြောင်း ခန့်မှန်းရကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 10, 2022
သတင်း ရန်သူအား အမြစ်ဖြတ်ချေမှုန်းရန် အားကောင်းခိုင်မာ သော နိုင်ငံရေး၊ စစ်ရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်မှသာ တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု တပ်ဖွဲ့လေးဖွဲ့ ထုတ်ပြန် ယနေ့ကျရောက်သည့် နှစ်(၆၀)ပြည့် ဆဲဗင်းဇူလိုင် အထိန်းအမှတ်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော်(ASU/SAF)၊ ပြည်သူ့လွတ် မြောက်ရေးတပ်တော်(PIO/PIA)၊ ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့(PLF)နှင့် ပြည်သူ့တော် လှန်ရေးအင်အားစု အနောက်ပိုင်းဒေသတို့ ပူးတွဲထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 7, 2022
သတင်း ဥက္ကံ PDFအနေဖြင့် စစ်ရေးတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန်လိုအပ်သည်များ အကြွေးဖြင့်ဝယ်ယူထားဟုဆို လက်ရှိတွင် လိုအပ်သည်များကို အကြွေးနှင့်ဝယ်ယူပြီးဖြစ်သည့်အတွက် လွတ်လပ်မှုကိုလိုလားသော ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီအားဖြည့်ပေးကြရန် တိုက်တွန်းသည်။ LuduNwayOoဇူလိုင် 1, 2022
သတင်း စဥ့်ကူးမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုပြုလုပ်ရန်အသွား သတင်းပေါက်ကြားပြီး PDF ရဲဘော်ခြောက်ဦး ကျဆုံး ထို့အပြင် သပိတ်ကျင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (TR)မှ အသိပေးထုတ်ပြန်ရာတွင်လည်း ကျဆုံးရဲဘော်များ၏ ဖုန်းများမှတဆင့် ခြေရာခံကာ အခြားတော်လှန် ရေးရဲဘော်များကိုလည်း စစ်ကောင်စီတပ်က ရှာဖွေနေကြောင်း ဖော်ပြသည်။ LuduNwayOoဇွန် 21, 2022
သတင်း စစ်ရေးအရဗျူဟာကျသည့် ကန်ပက်လက်ဒေသကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီကြိုးပမ်းနေ၍ တိုက်ပွဲများပြင်းထန်လာနိုင်ဟု CDF အသိပေး ပြည်သူများအနေဖြင့် မကြာမီအချိန်အတွင်း ကြုံလာရမည့် တိုက်ပွဲများအတွက် အချိန်မီ ဖြည့်ဆည်းနိုင်ရန် တတ်နိုင်သည့်ဖက်မှ ပံ့ပိုးကူညီပေးကြပါရန် ကန်ပက်လက် CDFက အရေးပေါ်အကူအညီ တောင်းခံခဲ့သည်။ LuduNwayOoဇွန် 16, 2022
သတင်း စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်အဖြစ်ဆောင်ရွက်နေသူများကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်အရေးယူမည်ဟု KRF သတိပေး ကျိုက်ထိုမြို့နယ်အတွင်းမှ တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် နှစ်ဦးနှင့် စားသောက်ဆိုင် လုပ်ငန်းရှင် နှစ်ဦးသိစေရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ LuduNwayOoမေ 30, 2022
သတင်း အပြောင်းအလဲမြန်သည့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခင်းအကျင်းများတွင် တရားဓမ္မဘက်ရပ်တည်မည်ဟု SNLD ကြေညာ SNLD၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို တောင်ကြီးမြို့၌ ၂ရက်ကြာ ကျင်းပခဲ့ပြီးနောက် ယနေ့ညီလာခံ အပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့သည်။ LuduNwayOoမေ 27, 2022