Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမြို့နယ်တွင် စစ်ရေးတိုက်ခိုက်မှုပြုလုပ်ရန်အသွား သတင်းပေါက်ကြားပြီး PDF ရဲဘော်ခြောက်ဦး ကျဆုံး

ထို့အပြင် သပိတ်ကျင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (TR)မှ အသိပေးထုတ်ပြန်ရာတွင်လည်း ကျဆုံးရဲဘော်များ၏ ဖုန်းများမှတဆင့် ခြေရာခံကာ အခြားတော်လှန် ရေးရဲဘော်များကိုလည်း စစ်​ကောင်စီတပ်က ရှာဖွေနေကြောင်း ဖော်ပြသည်။

စဥ့်ကူးမြို့နယ်
စဥ့်ကူးမြို့နယ်

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ရေးတိုက်မှုပြု လုပ်ရန်သွားရောက်စဥ် သတင်းပေါက်ကြားပြီး PDF ရဲဘော်ခြောက်ဦးကျဆုံးခဲ့ရကြောင်း စဥ့်ကူးမြို့နယ် ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့က အသိပေး​ထုတ်ပြန် သည်။

ဥဒေါင်းမင်းပြောက်ကျားတပ်နှင့် မဟာမိတ်ညီနောင်များသည် ဇွန်လ ၁၅ ရက်က စဥ့်ကူးမြို့နယ် နွယ်ရုံရွာဘက်သို့ ဒလန်ရှင်းလင်းရေး Mession သွားရောက်စဥ် သတင်းပေါက်ကြားကာ စစ်ကောင်စီတပ်၏ စောင့်ကြိုတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟု ဖော်ပြသည်။

ယင်းတိုက်ခိုက်ခံရမှုကြောင့် ဥဒေါင်းမင်းပြောက်ကျား တပ်မှ ခေါင်းဆောင်ဖြစ်သူ ရဲ ဘော်ဝါကြီးနှင့် ရဲဘော်တစ်ဦးအပြင် မဟာမိတ်ညီနောင်များမှ ရဲဘော်လေးဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ကျဆုံးအာဇာနည်ညီအစ်ကိုများအတွက် အလေးနီပြုခဲ့ကြောင်း၊ အမိန့်ပြန်တမ်းကို တော်လှန်ရေးအောင်မြင်ချိန်ရောက်မှ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (TR)မှ အသိပေးထုတ်ပြန်ရာတွင်လည်း ကျဆုံးရဲဘော်များ၏ ဖုန်းများမှတဆင့် ခြေရာခံကာ အခြားတော်လှန် ရေးရဲဘော်များကိုလည်း စစ်​ကောင်စီတပ်က ရှာဖွေနေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မတ္တရာမြို့နယ်၊ ကောက်ရိုးပုံရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ကျော် ရောက်ရှိလာပြီး အဆိုပါဖုန်းများမှတစ်ဆင့် ရွာအတွင်း ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်”ဟု TR က ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း စဥ့်ကူးနှင့် မတ္တရာမြို့နယ်ကြားရှိ PDF စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဝင်ရောက်စီနင်း လင်းယုန်တပ်ဖွဲ့မှ ဒုခေါင်းဆောင်ရဲဘော်ဇီးရိုးတူး ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်