Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးအခြေအနေအရ ကလေး-တမူးလမ်းကို ညပိုင်း ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး

သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။

စစ်ရေးအခြေအနေအရ ကလေး- တမူးလမ်းကို ညပိုင်း ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး
စစ်ရေးအခြေအနေအရ ကလေး- တမူးလမ်းကို ညပိုင်း ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF သတိပေး

ကလေးမြို့နယ်အတွင်း လက်ရှိ စစ်ရေးအခြေအနေအရ ကလေး-တမူး လမ်းမကြီးအား ည ၉နာရီမှ နံနက် ၅နာရီအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံ သတိပေးကြောင်း ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ ထုတ်ပြန်သည်။

သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်နှင့် အကျိုးဆက်များကို သတိပြုစေလိုကြောင်းလည်း ဖော်ပြထားသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း၊ စစ်ကောင်စီတပ်ယာဉ်တန်းတို့ကို ဒေသခံကာကွယ် ရေးတပ်များက တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်ရာတွင် ပြည်သူများ ထိခိုက်မှုမရှိစေရေး အထူးသတိပြု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကလေး PDFက ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူလေ့ရှိသည့် နေရာများ ၊ စစ်ကောင်စီ၏ မော်တော်ယာဉ်များ အနီး ဝန်းကျင်တွင် ပစ်ခတ်ပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်လာနိုင်၍ ပြည်သူများ လုံခြုံရေးအထူးသတိပြု၍ နေထိုင်သွားလာကြရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။