Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော

အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန်ဆိုသည်မှာ စစ်ရေးကိုအရှိန်အဟုန်နှင့် ဖိဖိစီးစီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော
စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော

“စစ်ရေးဗျူဟာအစ လက်နက်ခဲယမ်းဖြည့်တင်း ဖို့အဆုံး Chain of command အားကောင်းစေဖို့ စီမံဆောင်ရွက်ရတာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း လုပ်ငန်းတာဝန် အင်မတန်များပြားပါတယ်။ နောက်တစ်ခုက ဘဏ္ဍာငွေဆိုင်ရာအခြေအနေပါ။ တစ်နေ့က စီမံဘဏ္ဍာဝန်ကြီး အင်တာဗျူးမှာပြောခဲ့သလိုပဲ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရဲ့ ဘဏ္ဍာငွေ ၉၅ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် သုံးထားရတာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ထိုအခြေအနေသည် တော်လှန်ရေးအတွက် အင်မတန် ဖြစ်သင့်သည့်ကိစ္စဖြစ်သည်ဟုလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

” ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်ရက် စက်စွာနှိပ်စက်သတ်ဖြတ်ခြင်းတွေကို အရပ်သားပြည်သူများအပေါ် ပြုကျင့်လျက်ရှိတယ်။ ဒီလိုပြု ကျင့်တဲ့ ဖြစ်ရပ်များစွာရဲ့ ခိုင်လုံသော မှတ်တမ်း မှတ်ရာများကိုလည်း ကျွန်တော်တို့ရရှိထားပါတယ်။ ဒီလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ တရားမျှတမှုတွေရရှိနိုင်ဖို့ ဆက်လက်လုပ် ဆောင် ဖို့တွေရှိနေတာမို့ ကျွန်တော့်အနေနဲ့တော့ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး စနစ်တကျစီမံ ဆောင် ရွက်စေချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“တမူးမှာရှိတဲ့ ပအဖ တွေ ပကဖတွေနဲ့ တွေ့ဆုံပြီး အမှုကိစ္စအတွက် ဆက်လက် စုံစမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင်တရားရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်း လိုပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ အိမ်နီးနားချင်း ဆက်ဆံရေးအတွက်လည်း အရေးကြီးတာမို့ ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိနေတာမို့ ကြိုးစားဆောင်ရွက်ပေးစေချင်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရမှုကို ပြည်ထဲရေးဝန်ကြီးဌာနက စနစ်တကျစုံစမ်းရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။