Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော

အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန်ဆိုသည်မှာ စစ်ရေးကိုအရှိန်အဟုန်နှင့် ဖိဖိစီးစီး လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။

စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော
စစ်ကောင်စီကို အပြီးတိုင်ဖြိုလှဲ အမြစ်ဖြတ်နိုင်ရန် စစ်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးချုပ်ပြော

“စစ်ရေးဗျူဟာအစ လက်နက်ခဲယမ်းဖြည့်တင်း ဖို့အဆုံး Chain of command အားကောင်းစေဖို့ စီမံဆောင်ရွက်ရတာ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း လုပ်ငန်းတာဝန် အင်မတန်များပြားပါတယ်။ နောက်တစ်ခုက ဘဏ္ဍာငွေဆိုင်ရာအခြေအနေပါ။ တစ်နေ့က စီမံဘဏ္ဍာဝန်ကြီး အင်တာဗျူးမှာပြောခဲ့သလိုပဲ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ရဲ့ ဘဏ္ဍာငွေ ၉၅ ရာခိုင်နှုန်းလောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် သုံးထားရတာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ထိုအခြေအနေသည် တော်လှန်ရေးအတွက် အင်မတန် ဖြစ်သင့်သည့်ကိစ္စဖြစ်သည်ဟုလည်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

” ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူမဆန်ရက် စက်စွာနှိပ်စက်သတ်ဖြတ်ခြင်းတွေကို အရပ်သားပြည်သူများအပေါ် ပြုကျင့်လျက်ရှိတယ်။ ဒီလိုပြု ကျင့်တဲ့ ဖြစ်ရပ်များစွာရဲ့ ခိုင်လုံသော မှတ်တမ်း မှတ်ရာများကိုလည်း ကျွန်တော်တို့ရရှိထားပါတယ်။ ဒီလို ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ တရားမျှတမှုတွေရရှိနိုင်ဖို့ ဆက်လက်လုပ် ဆောင် ဖို့တွေရှိနေတာမို့ ကျွန်တော့်အနေနဲ့တော့ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး စနစ်တကျစီမံ ဆောင် ရွက်စေချင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“တမူးမှာရှိတဲ့ ပအဖ တွေ ပကဖတွေနဲ့ တွေ့ဆုံပြီး အမှုကိစ္စအတွက် ဆက်လက် စုံစမ်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင်တရားရေးနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်း တိုက်တွန်း လိုပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ အိမ်နီးနားချင်း ဆက်ဆံရေးအတွက်လည်း အရေးကြီးတာမို့ ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ရှိနေတာမို့ ကြိုးစားဆောင်ရွက်ပေးစေချင်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရမှုကို ပြည်ထဲရေးဝန်ကြီးဌာနက စနစ်တကျစုံစမ်းရန်လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။