Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုဆက်လုပ်ပါက တိုက်ပွဲဆက်ဖြစ်မည်ဟု မတူပီ CDFပြော

မတူပီ CDF၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ ​လေးကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

(ပတူပီ CDF ရဲ​ဘော်များ ​ရှေ့တန်းမထွက်မီ ​ဌာချုပ်၌ တွေ့ရစဥ်)
(ပတူပီ CDF ရဲ​ဘော်များ ​ရှေ့တန်းမထွက်မီ ​ဌာချုပ်၌ တွေ့ရစဥ်)

မတူပီမြို့နယ်တွင် ဇူလိုင်လဝက်အတွင်း တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း မတူပီCDFက အသိပေးထားသည်။

မတူပီမြို့နယ် လိုင်လင်းပီမြို့မှ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မတူပီ CDFက ဇူလိုင် ၆ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၁ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

“အခုလောလောဆယ်တော့ ငြိမ်နေတဲ့အခြေအနေရှိတယ်။ သူတို့က လိုင်လင်းပီကနေ မြို့ထဲ ပြန်ဝင်သွားတယ်။ မင်းတပ် – မတူပီ လမ်းဘက်မှာတော့ သူတို့က လှုပ်ရှားမှုတွေ ထွက်လိုက်ဝင်လိုက် အဝင်အထွက်တွေရှိတာပေါ့။ သူတို့ဘက်က လှုပ်ရှားမှုရှိရင် ကျွန်တော်တို့ဘက်ကလည်း ဒီလိုတော့ကြည့်နေမှာတော့ မဟုတ်ဘူး (တိုက်ပွဲ) ဖြစ်မှာပဲ”ဟု မတူပီ CDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတူပီ CDF၏ ထုတ်ပြန်ချက်အရ တိုက်ပွဲ ​လေးကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook