သတင်း စဉ့်ကူးမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayoo1 နာရီ ago
သတင်း စဉ့်ကူးမှာ စစ်တပ်က ဧရာဝတီမြစ်အတွင်းသွားလာနေတဲ့ စက်လှေပစ်ခတ်လို့ အမျိုးသားတစ်ဦး သေဆုံး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဧရာဝတီမြစ်အတွင်း စက်လှေနဲ့ သွားလာနေတဲ့ပြည်သူတွေကို ပစ်ခတ်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ Wetlet information Networkက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 16, 2025
သတင်း စဉ့်ကူးလေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooဒီဇင်ဘာ 12, 2025
သတင်း စဥ့်ကူးမှာ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ၄ဦးဒဏ်ရာရ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသားတစ်ဦးသေဆုံးကာ ကလေးတစ်ဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ludunwayooဒီဇင်ဘာ 3, 2025
သတင်း လက်ပန်လှရွာကို စစ်တပ် ဗုံးကြဲလို့ ကလေးတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံး မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အမျိုးသမီး တစ်ဦး တို့ သေဆုံးပြီး သုံးဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooအောက်တိုဘာ 31, 2025
သတင်း စဉ့်ကူးမြို့နယ် စစ်တပ်ဗုံးကြဲမှု သံဃာ ၃ပါးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းဆောင် ပျက်စီး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၃ပါးထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooအောက်တိုဘာ 21, 2025
သတင်း စစ်ကိုင်းပြတ်ရွေ့၌ ရစ်ခ်တာစကေး ၄အထက်ငလျင်များ ဆက်လှုပ်နိုင် မန္တလေးတိုင်း၊ စဥ့်ကူးမြို့အနီးတွင် ရစ်ခ်တာစကေး ၄ဒဿမ၅ အဆင့်ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးဇွန်လနောက်ပိုင်းရစ်ခ်တာစကေး ၄ အထက်ငလျင်များမကြာခဏလှုပ်ရှားနေခြင်းမှာစစ်ကိုင်းငလျင်ကြီး၏ နောက် ဆက်တွဲငလျင်များဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက ပြောသည်။ ludunwayooဇူလိုင် 27, 2025
သတင်း စဥ့်ကူးအနီးအင်အားအသင့်တင့်ရှိတဲ့ မြေငလျင်လှုပ် မန္တလေးတိုင်း၊စဥ့်ကူးမြို့အနီးမှာအင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ ludunwayooဇူလိုင် 27, 2025
သတင်း ဧရာဝတီမြစ်အတွင်း လေကြောင်းပစ်ကူဖြင့်ဆန်တက်လာသော စစ်သင်္ဘောအုပ်စု စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ကြား ဖြတ်သန်းနေ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမြို့မှ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုသည် လက်နက်ကြီးဖြင့် လေကြောင်းပစ်ကူယူပြီး စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်ကြား ရောက်ရှိနေသည်။ ludunwayooဇူလိုင် 20, 2025
သတင်း စဉ့်ကူးမြို့နယ်၊လက်ပန်လှရွာ ကိုစစ်ကောင်စီ ဗထပ်မံဗုံးကြဲ အမျိုးသမီးတဦး သေဆုံး မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။ ludunwayooဇွန် 29, 2025