Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးပစ်မှတ်နေရာဖြစ်လို့ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်အရှေ့ခြမ်းကပြည်သူတွေ ယာယီပြောင်းရွှေ့ဖို့ PDF သတိပေး

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF - TRI ဗျူဟာ)

ဩဂုတ်-၁၅၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းဟာ စစ်တပ်လှုပ်ရှားသွားလာအုပ်ချုပ်ရာနယ်မြေ ဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)တို့ စစ်ရေးလှုပ်ရှားမယ့် လက်နက်ကြီး၊ငယ်ပစ်ခွင်းမယ့်နယ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် မြစ်အရှေ့ဖက်ကမ်း နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ထုတ်ပြန်တဲ့ နေ့ကစပြီး စစ်မအေးခင်ကာလအထိ သို့မဟုတ် တပ်မှစစ် အေးကာလဖြစ်ကြောင်း ပြန်လည်ရွှေ့ပြောင်း နေထိုင်လို့ရပြီဟု မထုတ်ပြန်ခင်အထိ လွတ်ကင်းရာ နေရာသို့ပြောင်း‌ရွှေ့ နေထိုင်ကြဖို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (စစ်သည်တော်ကျင့်ဝတ်)အရ ‌‌ လေးစားစွာထုတ်ပြန်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စဉ့်ကူးမြို့နယ်ကို ၂၀၂၅ ဩဂုတ်လကုန်ပိုင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ၁နှစ်အကြာမှာ တော်လှန်ရေးတပ်တွေက တန်ပြန်တိုက်စစ်တွေကြေညာလာတာဖြစ်ပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဧရာဝတီမြစ်နဲ့ ပိုင်းခြားထားပြီး မန္တလေးမြို့ကနေ ဆိုရင် မြောက်ဘက်မှာ မတ္တရာမြို့နယ်-စဉ့်ကူးမြို့နယ်-သပိတ်ကျင်းမြို့နယ်ဆိုပြီးရှိတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်အရှေ့ခြမ်းလို့ဆိုပါက ဇီးကုန်းကျေးရွာ၊သဲအင်းရွာ၊ကြက်တူရွေး၊ကျွန်းတော်၊ဟင်္သာမ၊ ပေါက်ကုန်း၊ရွှေဘယက်၊ဝက်ပေါင်၊ဆင်သေ၊စားကျက်၊ထုံးကြီး၊စတဲ့ ကျေးရွာ တွေပါဝင်ပါတယ်။

လက်ရှိ အဲဒီကျေးရွာတွေက ထုံးကြီး၊သဲအင်း၊ကျွန်းကြီးရွာတွေမှာ စစ်တပ်က အထိုင်ချထားသလို ကပ်လျက်မတ္တရာမြို့နယ်မှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတဲ့ ကျေးရွာအများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ရဲ့ အရှေ့ဘက်ကပ်လျက်ရှိတဲ့ စဉ့်ကူးမြို့နယ်၊မြစ်အရှေ့ဘက်က ကျေးရွာတွေကို တော်လှန်ရေးတပ်တွေဝင် ရောက်တယ်ဆိုတဲ့ သတင်းထွက်ပြီး စစ်တပ်က ဩဂုတ် ၁၂ရက်ကစတင်ကာ အင်အားတိုးပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတာ တွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

“၃ရက်ရှိပြီပဲ။ တချိန်မှမနားဘူ။လက်နက်ကြီး၊ငယ်ပစ်တယ် ။ဒရုန်း တွေနဲ့ဗုံးကြဲတယ်။ရွှေဘယက်နဲ့ ဆင်သေရွာကို အများဆုံးကြဲတယ်။ကြက်တူရွေးရွာထဲလည်းကျတယ်။ဒီ၃ရက်အတွင်း အသေဆုံးက တ ယောက် ဒဏ်ရာရကတော့ ၅ယောက် လောက်ရှိမယ်။စစ်ရှောင်ပြည်သူ တွေပဲထိ နေတာ။နွား တွေထိတာလည်းများတယ်”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

စဉ့်ကူးမြို့နယ်ရဲ့ တောင်ဘက်က မတ္တရာမြို့နယ်ကိုလည်း ဒီနေ့မှာ စစ်တပ်က ရေကြောင်းကနေ သင်္ဘာ ၂စီးနဲ့ အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ဇွန်လ၂၇ ရက်ကလည်း သဲအင်းရွာကိုတပ်စွဲထားတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိကာ တပ်ပြန်ဆုတ်သွားခဲ့ရပါတယ်။ အဲဒီနောက် ဇွန်လ၃၀ ရက်မှာ အင်အားတိုးပြီး သဲအင်းရွာကို တပ်ပြန်စွဲခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Trending

Facebook