Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးကကျောင်းထိုင်ဆရာတော် တပါးကိုစစ်တပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

(သဲအင်းရွာနဲ့ အနီးဝန်းကျင်ကို Google Map မှာ​တွေ့ရစဥ်)

စက်တင်ဘာ-၁၉၊၂၀၂၆။ရှိန်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စက်တင်ဘာလ၁၆ ရက်နေ့က သဲအင်းရွာနဲ့ကျွန်းကြီးရွာတွေမှာတပ်စွဲထားတဲ့ စစ်တပ်က သဲအင်းရွာ၊ယွန်းကျောင်းဆရာတော်ကို ဖမ်းဆီးပြီး လူဝတ်လဲကာ နေပူလှန်း ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

“ဒလန်တွေကဘုန်းကြီးကခံယူချက်ရှိတယ်လို့တိုင်တယ်လို့ ပြောတာပဲ။ဒီကျောင်းမှာပဲ ဒီကောင်တွေ (စစ်တပ်)ဝင်ထွက် နေပြီး ဘုန်းကြီးကိုဖမ်း၊ချက်ချင်းလူဝတ်လဲပြီး နှိပ်စက်တာတဲ့။အခုသေပြီ ပြောတာပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းထိုင်ဆရာ တော်ဟာ သက်တော် ၄၀ ဝန်းကျင်ရှိပြီး ‌‌ ဒေသခံ တွေက ဥူးဇင်းတင့်လွင်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။စစ်တပ်က ဆရာတော်ကိုဖမ်းဆီးသတ်ဖြတ်ခဲ့သလို နောက်ထပ် ဒေသခံ၅ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။

အလားတူပဲ ကျွန်းကြီးရွာကစစ်တပ်ကလည်းဇီးကျွန်းရွာက ဒေသခံ၃ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ဒီဖြစ်စဉ် တွေဖြစ်ပြီးတဲ့ နောက် ဒေသခံ တွေဟာရွာအတွင်း ‌‌‌မနေရဲ​တော့ဘဲ အများစုက ရှောင်တိမ်းနေထိုင် နေကြတယ်လို့ စုံစမ်းသိရပါတယ်။

စစ်အုပ်စုက ၂၀၂၅ခုနှစ်၊နှစ်ကုန်ပိုင်းမှာစဉ့်ကူးမြို့နယ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ‌‌‌‌‌‌ရေလမ်းကြောင်းအနီးကရွာတွေမှာ တပ်စွဲထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။