Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်း မြို့နယ် ၄ခုတွင် သုံးရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးဟု တောင်ပိုင်းစစ်ဒေသ အသိပေး

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ အပါတ်စဉ်(၂)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ပွဲတွင် တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ဟန်နွေ/People’s Spring

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်၊ ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်နှင့် တောင်ငူမြို့နယ်တို့၌ ပြီးခဲ့သည့် သုံးရက်အတွင်း စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက အောက်တိုဘာ ၂၈ရက် တွင် ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ နယ်မြေတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက စစ်ကောင်စီစစ်ကြောင်းနှင့် အထိုင်ချစခန်းများအား စစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်အခြေအနေများ ဖော်ပြမထားသော်လည်း တိုက်ပွဲများအတွင်း ရန်သူ၏ သေနတ် တစ်လက်ကို ရေတာရှည်မြို့နယ် ပကဖ အဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နှင့် KNLA တပ်ရင်း(၉) ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပြီး စစ်ဆင်ရေးအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်မှုရှိ၊မရှိကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook