Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်တွင် တိုက်ပွဲဆက်တိုက်ဖြစ်နေ ၊စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံး(ပကဖ)မှ ရဲဘော်အချို့ကို စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် နှစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိတွေ့တိုက်ပွဲများမှာ အောက်တိုဘာ ၁၆ရက်က ရင်းဘုတ်ကျေးရွာအနီး တစ်ကြိမ်၊ ဂေါ့အင်းအဝင်နားတစ်ကြိမ်နှင့် အောက်တိုဘာ ၁၇ရက်တွင် ရေဖြူတောကျောင်းအနီး တစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ထိတွေ့တိုက်ပွဲကတော့ မိနစ် ၃၀၊ ၄၅ မိနစ် လောက်ရှိမယ်။ ဒါပေမဲ့ တိုက်ခိုက်မှုကတော့ တနေကုန်ဖြစ်နေတာလို့ ပြောရမယ်”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ထိတွေ့မှုအခြေအနေကို ပြောသည်။

အထက်ပါ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၇ ဦးထပ်မနည်းသေဆုံးနိုင်ပြီး ထိခိုက် ဒဏ်ရာရသူများလည်းရှိကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုတစုံတရာ မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကျေးရွာများသို့ စစ်ကြောင်းဝင်ရောက် ချိန်တွင် အင်အား ၁၃၀ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့(အောက်တိုဘာ၂၀)က လောင်းလုံးမြို့ပေါ်သို့ပြန်ဆုတ်သွားချိန်တွင် အင်အား ၈၀ ခန့်သာတွေ့ရကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်မှ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ ဒရုန်းဖြင့်လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းများလုပ် ဆောင်လျှက်ရှိသော်လည်း မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းများ မရှိသေးပေ။

လောင်းလုံးမြို့နယ်တွင် အောက်တိုဘာ ၁၁ ရက်ကလည်း သန်းခေါင်းစာရင်းကောက်ယူရေးလုံခြုံရေးယူရန် မြို့နယ်မီးသတ်ရုံးသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများကို ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့(FPF)က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။