Connect with us

Hi, what are you looking for?

သတင်း

ဂွမြို့နယ်တိုက်ပွဲ ပိုပြင်းထန်လာပြီး ဧရာဝတီနယ်စပ်နားအထိရောက်လာ

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများကို ဧရာဝတီတိုင်း ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသများမှ ကြားနေရကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်အ​ခြေအ​နေပြအင်ဖိုဂရပ်ဖစ်

လူအေး/‌ People’s Spring

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီ၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများကို ဧရာဝတီတိုင်း ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသများမှ ကြားနေရကြောင်း ဒေသခံများကပြောသည်။

“အရင်က ညဘက်တွေမှာ စစ်တပ်ဘက်က ရမ်းပစ်၊ ခြောက်ပစ်တာပဲ ရှိတာ။ အခုကတော့ ညရော နေ့ပါ အသံတွေကြားနေရတာ။ လက်နက်ကြီးသံ တွေရော၊ သေနတ်သံတွေရော ကြားနေရတယ်။ AAကတော်တော်လေးဖိတိုက်နေတယ်လို့သတင်းတွေကြားရတယ်” ဟု ချောင်းသာဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

တဆက်တစပ်တည်းရှိ‌သော ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေဒေသများသည် ဂွမြို့နယ်နှင့် ပင်လယ်ရေလမ်းရော ကုန်းလမ်းပါ ထိစပ်နေသည်။

လက်ရှိတွင် ဂွမြို့နယ်အတွင်း ကြွေချိုင်၊တိုင်ကျိုးရွာတို့တွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လေကြောင်းမှ မကြာခဏတိုက်ခိုက်နေကြောင်း၊ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပြီး ရွာအတွင်း ပိတ်မိနေသူများလည်း ရှိကြောင်း ဂွမြို့ခံများကပြောသည်။

“တိုက်ပွဲက တစတစ ပိုပြင်းထန်လာလို့ အရေးပေါ်ကယ်ရသူတွေလည်း ရှိနေတယ်။ စစ်ရှောင်ရသူတွေရဲ့ နေရေးစားရေး အကူအညီတွေလိုတယ်ဗျ”ဟု ဂွမြို့ခံတစ်ဦးကပြောသည်။

ဂွမြို့နယ်သည် ဧရာဝတီတိုင်း၊ ငါးသိုင်း ချောင်းမြို့နှင့်လည်း ကုန်လမ်းထိစပ်နေသည်။ ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့များသို့ ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်များ ရောက်ရှိနေပြီးဘုန်းကြီး

ကျောင်းအချို့တွင် ခိုလှုံနေကြရသည်။ ထို့အပြင် ချောင်းသာနှင့် ရွှေသောင်ယံမြို့တွင်လည်း စစ်ဘေးရှောင်များရောက်ရှိနေသည်။

စစ်ကောင်စီသည် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူ သင်တန်းသားအများအပြားကို ပို့ဆောင်နေသည်။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ပုသိမ်မြို့ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးနေသူများကို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် ရခိုင်ပြည်နယ်သို့ ကားများဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။

ထို့အပြင် ရခိုင်ပြည်နယ်ဘက်သို့ စားသောက်ကုန်၊ စက်သုံးဆီအပါအဝင် ကုန်စည်များအဝင်မခံဘဲ ဖြတ်တောက်ထားသလို ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာသူများကိုလည်း စစ်ဆေးမှုများတင်းတင်းကျပ်ကျပ်ပြုလုပ်နေသည်။

ရခိုင်ပြည်နယ်တွင်လက်ရှိ၌ အမ်းမြို့နယ်၊ မောင်တောမြို့နယ်နှင့် ဂွမြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်နေပြီး AAက စခန်းသိမ်းတိုက်ပွဲများတိုက်ခိုက်နေကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။