Connect with us

Hi, what are you looking for?

သတင်း

မိုးမောက် – ဗန်းမော်ကြား ယနေ့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ဟုဆို

ကချင်ပြည်နယ် မိုးမောက်နှင့် ဗန်းမော်မြို့နယ်အကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၄၃၇)မှ သိမ်းပိုက်ရရှိသော တင့်ကား။ ဓာတ်ပုံ - ကချင်တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်နှင့် ဗန်းမော်မြို့နယ်အကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့်ဩဂုတ်တွင် မိုးမောက်မြို့ အခြေစိုက် ခမရ(၄၃၇)တပ်ရင်းကို KIAက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဗန်းမော်မြို့မှတဆင့် မကြာခဏ ထိုးစစ်ဆင်ပြီး ခမရ(၄၃၇)တပ် ပြန်ရရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ခမရ(၄၃၇)မှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – ကချင်တောင်တန်း

” ဒီနေ့ကတော့ ဗန်းမော်နဲ့မိုးမောက်ကြား ၇မိုင် အောင်မြေကျေးရွာမှာလည်း KIAနဲ့စစ်ကောင်စီအကြား တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။စစ်ကောင်စီကနေ ဒီကနေ့ ၇မိုင် အောင်မြေကျေးရွာမှာ လေကြောင်းနဲ့ ငါးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ဗန်းမော်မြို့နယ်မှ မိုးမောက်မြို့နယ်သို့ သံချပ်ကားယာဉ်အသုံးပြုပြီး မြေပြင် ထိုးစစ်ဆင်လာရာ KIAက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“လက်နက်ကြီး အပါအဝင် ကုန်းကြောင်းနဲ့ပါ သူတို့ဘက် ဒီနေ့က ပိုမိုပြင်းထန်တဲ့ ထိုးစစ်ဆင်လာခြင်းဖြစ်တယ်။ဒီကနေ့ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများတယ်လို့တော့ ဒေသခံတွေက ပြောဆိုနေကြတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။