Connect with us

Hi, what are you looking for?

သတင်း

အမ်း နပခအနီးတိုက်ပွဲဆက်လက်ပြင်းထန်

မြို့ခံများကို စစ်ကောင်စီ ပြင်ပထွက်ခွင့်မပြု

ဇော်ရမ်း/People’s Spring

အမ်းမြို့တိုက်ပွဲသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီး၌ အပြင်းထန်ဆုံးဖြစ်နေပြီး စစ်ကောင်စီက မြို့ခံများကို ပြင်ပသို့ထွက်ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။

အမ်းမြို့နယ်အ‌ခြေစိုက် စစ်​ကောင်စီတပ်ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)တို့သည် နပခ၌ သွားရောက်ပူးပေါင်းနေပြီး အာရက္ခတပ်တော်(AA)က နပခကို အဓိကထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု မြို့ခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

“တိုက်ပွဲက နပခနားရောက်နေတာ။ အရမ်းပြင်းထန်တယ်။ စစ်ကောင်စီက လေကြောင်းဆက်တိုက်ပစ်တယ်။ ပုသိမ်ကရော၊ မကွေးကရော လာတာ။ဒေသခံ‌​တွေအတွက်က လေကြောင်းရန် ပြဿနာပါ” ဟု မြို့ခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပိုပြင်းထန်‌လာချိန်၌ စစ်ကာင်စီသည် မြို့ပေါ်ရပ်ကွက်များကို ပိတ်ဆို့လိုက်ပြီး ဒေသခံများအား ပြင်ပသို့မထွက်ခိုင်းတော့ကြောင်း သိရသည်။

“စစ်ကောင်စီက မြို့ကို အကာအကွယ်ယူတော့မယ်။ မြို့မှာက လူအများကြီးမကျန်ဘူး။ ဒါပေမယ့် ရှိတော့ရှ်ိနေသေးတယ်။ မြို့မှာ ကျန်နေသူတွေအတွက် လုံခြုံရေးပြဿနာရှိလာပြီ”ဟု ​လက်ရှိတွင် အမ်းမြို့၌ရှိနေသူတစ်ဦးကပြောသည်။

အမ်းမြို့စစ်ကောင်စီစခန်းများကို AAက စက်တင်ဘာလ၂၆ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနပခ၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲတောင်ဗျူဟာနှင့် ရှေ့တန်းစခန်းများကိုအောက်တိုဘာလ ၆ရက်ည‌နေ၊ ခမရ(၃၇၃)နှင့် အမြောက်ကုန်းဟု ဒေသခံများကခေါ်သည့်ကမ်းဒိတ်တောင်စခန်းကို အောက်တိုဘာလ၁၁ ရက်​နေ့ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။

AAက အမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ထားပြီး ယင်းနောက်ပိုင်း စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်၍ သီးခြားသတင်းမထုတ်ပြန်သေးပေ။စက်တင်ဘာလ ၂၇ရက်က ထုတ်ပြန်ရာ၌ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၂ ၊၃၇၃တပ်ရင်းများ စုပေါင်းထားသော စစ်ကြောင်းနှင့် ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ​ဖော်ပြထားသည်။စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှတိုက်ပွဲများနှင့်ပတ်သက်၍ အောက်တိုဘာ၂၂ရက်က သတင်းထုတ်ပြန်ထားမှုတွင် အမ်း၊ မောင်တော၊ ကျိန္တလီနှင့် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု အသိပေးထားသည်။

ထိုအပြင် အာရက္ခတပ်​တော်သည် ​အောက်တိုဘာ ၂၇ ရက်တွင် ​မောင်​တောမြို့နယ် တွင် ​နောက်ဆုံးကျန်ရှိ​သော စစ်​ကောင်စီ၏ နခခ (၅) ကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ရာတိုက်ပွဲများပြင်းထန်​နေ​ကြောင်း ​​စုံစမ်းသိရသည်။စစ်​ကောင်စီတပ်က ​​လေ​ကြောင်းမှပစ်ကူ​ပေး၍ စခန်းမကျ​အောင် ခုခံ​နေ​ကြောင်း​စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောသည်။ နခခ (၅)တွင် ရခိုင်ပြည်နယ်ရှိ စစ်ဆင်​ရေးကွပ်ကဲမှု ဌာနချုပ်ဖြစ်ပြီး ဘူးသီး​တောင်အပါအဝင်ကျန်နယ်များမှ ထွက်​ပြေးလာ​သောတပ်ရင်းများ နှင့် ​ဒေသခံတပ်များအပြင် စစ်ကူများစွာ​ပေးပို့၍ စခန်းမကျ​အောင်ခုခံ​နေပြီး ​လေ​ကြောင်း၊​​ရေ​ကြောင်းအသုံးပြု၍ ပစ်ကူ​ပေးကာခုခံ​နေခြင်းဖြစ်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။