နိုင်ငံတကာ တူရကီ လွှတ်တော်ထဲမှာ အမတ်တွေ ထိုးကြိတ်ကြရင်း သွေးထွက်သံယိုတွေဖြစ် စကားစစ်ထိုးရင်း အမတ်တွေ လက်သီးစွမ်း ပြကြလို့ တူရကီ လွှတ်တော်ကို ယာယီ ဆိုင်းငံ့ခဲ့ရပါတယ်။ ludunwayooဩဂုတ် 17, 2024
နိုင်ငံတကာ ပါလက်စတိုင်းဆီ တပ်တွေလွှတ်မယ်လို့ တူရကီ သမ္မတခြိမ်းခြောက်၊ ဆက်ဒမ်ဟူစိန်လို အဖြစ်မျိုး ကြုံသွားမယ်လို့ အစ္စရေးတုံ့ပြန် အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် ပါလက်စတိုင်း နယ်မြေတွေထဲ တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ တူရကီ သမ္မတက သတိပေး ခြိမ်းခြောက်ခဲ့တဲ့အပေါ် အစ္စရေးဖက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။ ludunwayooဇူလိုင် 30, 2024
နိုင်ငံတကာ တူရကီ ပြည်ထဲရေးဝန်ကြီး ရုံးကို ပစ်မှတ်ထားတဲ့ အသေခံဗုံးခွဲမှု ဖြစ်ပွား တရားရေးဝန်ကြီး ယီလ်မက်ဇ် တွန်းခ်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။ ဒီလို တိုက်ခိုက်မှုမျိုးတွေကြောင့် တူရကီရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး အားထုတ်မှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ သူက ကြုံးဝါးသွားခဲ့ပါတယ်။ LuduNwayOoအောက်တိုဘာ 2, 2023
နိုင်ငံတကာ ရုရှားရေတပ် ပိတ်ဆို့ထားပေမယ့် ပင်လယ်နက်ကိုဖြတ်ပြီး ယူကရိန်း ကုန်တင်သင်္ဘောတစ်စီး တူရကီကို ရောက်ရှိခဲ့ တူရကီက ဦးဆောင်ပြီး ကြားဝင် ညှိနှိုင်းပေးထားတဲ့ ယူကရိန်း ကောက်ပဲသီးနှံ တင်ပို့ရေး ကိစ္စကို သက်တမ်းတိုး ခွင့်ပြုဖို့ ရုရှားက ငြင်းဆန်ခဲ့တဲ့နောက် မြေထဲပင်လယ်မှာ ယူကရိန်း ဆိပ်ကမ်းတွေဆီ အဝင်အထွက်လုပ်တဲ့ သင်္ဘောတိုင်းကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့သွားမယ်လို့ သတိပေးထားပါတယ်။ LuduNwayOoဩဂုတ် 18, 2023
နိုင်ငံတကာ ဆွီဒင်ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ တူရကီ အစိုးရ ကန့်ကွက်တော့မှာ မဟုတ်ဘူးလို့ NATO အကြီးအကဲပြော NATO အကြီးအကဲ စတိုလ်တန်ဘက်ဂ် ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် လမ်းပွင့်သွားခြင်းကို သမိုင်းဝင် ခြေလှမ်းတစ်ခုအဖြစ် ညွှန်းဆိုခဲ့ပေမယ့် ဒီကိစ္စ တရားဝင် ဖြစ်လာစေဖို့အတွက် တူရကီ လွှတ်တော်မှာ အဆုံးအဖြတ် ခံယူရမယ့် အဆင့်မျိုးတွေ ကျန်နေဆဲလို့ ဆိုပါတယ်။ LuduNwayOoဇူလိုင် 11, 2023
နိုင်ငံတကာ တူရကီ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ အာဒိုဝမ် ပြန်လည် အနိုင်ရ အခုနှစ် တူရကီ ရွေးကောက်ပွဲဟာ မဲဆွယ်မှု ကာလတွေ ကတည်းက ရှုပ်ထွေးမှုတွေ ရှိခဲ့ပြီး အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးဟာ သူ့ပါတီရဲ့ ရုံးခန်းတစ်ခု ရှေ့မှာတင် ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ LuduNwayOoမေ 29, 2023
နိုင်ငံတကာ တူရကီ ပြည်တွင်းဖြစ် ပဉ္စမမျိုးဆက် တိုက်လေယာဉ် ထုတ်လုပ်မယ်လို့ သမ္မတ ကြွေးကြော် လက်ရှိအချိန်ထိ ကမ္ဘာပေါ်မှာ တိုက်ပွဲဝင်အဆင့် လက်တွေ့ အသုံးပြုနေတဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် ၄ မျိုးသာ ရှိသေးပြီး ၂ မျိုးကို အမေရိကန်က တီထွင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ LuduNwayOoမေ 2, 2023
နိုင်ငံတကာ ငလျင်ကြောင့် အဆောက်အအုံတွေ ပြိုကျမှုအတွက် တူရကီ ကန်ထရိုက် ရာဂဏန်းလောက် အဖမ်းခံထားရ ဖေဖော်ဝါရီ ၆ ရက်က တူရကီ တောင်ပိုင်းမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်ပြီး အဆောက်အအုံတွေ တော်တော်များများ ပြိုကျကုန်ပါတယ်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
ဗီဒီယို ငလျင်ဘေးသင့် တူရကီမှာ ငလျင်ထပ်လှုပ်ပြီး ထိခိုက်သေဆုံးမှုတွေ ကြုံရ ငလျင်လှုပ်ခတ်ပြီးချိန်မှာတော့ ပြည်သူ အတော်များများဟာ အိမ်တွေထဲမှာ မနေရဲတော့ဘဲ လမ်းတွေပေါ်မှာ ထွက်နေကြပြီး ညအိပ်ခဲ့ကြရတယ်လို့လည်း မျက်မြင်တွေက ပြောကြားသွားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 21, 2023
နိုင်ငံတကာ ပထမဆုံး ဒရုန်းတင် သင်္ဘောကြီးကို စတင် အသုံးပြုဖို့ နီးစပ်လာတဲ့ တူရကီရေတပ် Anadoluဟာ တူရကီအတွက် ပထမဆုံး လေယာဉ်တင် သင်္ဘော ဖြစ်ရုံသာမက ဒရုန်းအများစုနဲ့ စစ်ဆင်ရေး ဆောင်ရွက်မယ့် ပထမဆုံး ဒရုန်းတင် သင်္ဘော အနေနဲ့ပါ မှတ်တမ်း ဝင်လာတော့မှာပါ။ LuduNwayOoဖေဖော်ဝါရီ 10, 2023