Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရစ္စမတ်နဲ့ နှစ်သစ်ကူးမှာ အကြမ်းဖက်ဖို့ ကြံစည်ထားကြောင်း စွပ်စွဲခံရသူ ၁၀၀ ကျော်ကို တူရကီဖမ်းဆီး

ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြံစည်ထားသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

ဓာတ်ပုံ - Getty Images

ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြံစည်ထားသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

ခရစ္စမတ် အကြိုကာလတွေမှာ တူရကီရဲ့ အကြီးဆုံးမြို့ အစ္စတန်ဘူလ်ရဲ့ နေရာပေါင်း ၁၂၄ ခုကို စီးနင်းပြီး လူပေါင်း ၁၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ တူရကီက ထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးထားသူတွေဟာ အိုင်အက်စ် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွှယ်သူတွေလို့လည်း ဆိုပါတယ်။

လူပေါင်း ၁၁၅ ဦးနဲ့အတူ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ အဖွဲ့အစည်းတွေကြား ချိတ်ဆက်မှု စာရွက်စာတမ်းတွေကိုလည်း ရှာတွေ့ခဲ့တယ်လို့ တူရကီ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့ဝင်တွေနဲ့ အိုင်အက်စ်ကို အားပေးသူတွေဟာ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကြား သီတင်းပတ်အတွင်းမှာ တူရကီနိုင်ငံအနှံ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြန့်ကျက် လုပ်ဆောင်ဖို့ တက်တက်ကြွကြွ စီစဉ်နေခဲ့ကြတယ်လို့ တူရကီ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခုဖမ်းမိထားသူတွေဟာ တူရကီနိုင်ငံ ပြင်ပမှာ ရှိနေတဲ့ အိုင်အက်စ် ဆဲလ်တွေနဲ့ အဆက်အသွယ်တွေ လုပ်ခဲ့ကြောင်း အထောက်အထားတွေ ရထားတယ်လို့ ရှေ့နေချုပ်ရုံးက ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း တူရကီ ထောက်လှမ်းရေး အးဂျင့်တွေဟာ အာဖဂန် နစ္စတန်နဲ့ ပါကစ္စတန် နယ်စပ်နားမှာ ရှိနေတဲ့ အိုင်အက်စ် အခြေစိုက် စခန်းတွေကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။

တူရကီမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ အကြံအစည်တွေကို ဦးစီးနေတယ်ဆိုတဲ့ တူရကီ အမျိုးသား တစ်ဦးကိုလည်း အေးဂျင့်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

တူရကီမှာတော့ အိုင်အက်စ်နဲ့ ပတ်သက်ဆက်နွှယ်ကြောင်း သံသယ ရှိသူတွေကို အာဏာပိုင်တွေက အရင်ကတည်းက ဖော်ထုတ် ဖမ်းဆီးလေ့ ရှိပါတယ်။

တူရကီနဲ့ ဆီးရီးယားတို့ဟာ ကီလိုမီတာ ၉၀၀ လောက်ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။ ဆီးရီးယားမှာတော့ အိုင်အက်စ်ရဲ့ အဖွဲ့ခွဲတွေ အများအပြား ခြေကုပ်ယူ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း ဆိပ်ကမ်းတစ်ခုကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တူရကီ ကူးတို့ရေယာဉ်ကြီးတစ်စီး အကြီးအကျယ် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှား ရေနံတင် သင်္ဘောကို ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို တူရကီ အစိုးရက အပြင်းအထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တူရကီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဟာ အထင်ကရ ဗလီကြီးတစ်ခုဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တူရကီက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။