Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တူရကီမှာ ၂ ရက်အတွင်း ဒုတိယအကြိမ် ကျောင်းတွင်း ပစ်ခတ်မှုဖြစ်၊ ၉ ဦးသေဆုံး

တူရကီမှာ ၂ ရက်အတွင်း ဒုတိယမြောက် စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ၉ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

တူရကီမှာ ၂ ရက်အတွင်း ဒုတိယမြောက် စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ၉ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

တူရကီ နိုင်ငံ အလယ်ပိုင်းက အလယ်တန်းကျောင်း တစ်ခုမှာ ဧပြီ ၁၅ ရက်နေ့က ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တူရကီက ကျောင်းတွေမှာ ၂ ရက်ဆက်တိုက် ပစ်ခတ်မှု ကြုံရတဲ့ အခြေအနေ အဖြစ်လည်း မှတ်တမ်းဝင်လာစေခဲ့ပါတယ်။

ခါရာမန်မာနက်စ် ပြည်နယ် အုပ်ချုပ်ရေးမှူး မူခါရမ် အန်လူရာက အေဆာကာလစ်ခ် အလယ်တန်းကျောင်း ပစ်ခတ်မှုမှာ ကျူးလွန်သူ အသက် ၁၄ နှစ်အရွယ် သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ဆရာမ တစ်ဦး ပါဝင်ခဲ့ကြောင်း၊ ဒဏ်ရာရသူ ၁၃ ဦးထဲမှာ ၄ ဦးက ခွဲစိတ်ကုသမှုတွေ ခံယူထားရပြီး အခြေအနေ စိုးရိမ်ရကြောင်း အေဆာကာလစ်ခ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်သမားဟာ အဲဒီကျောင်းရဲ့ ကျောင်းသားတစ်ဦးပဲ ဖြစ်တယ်လို့ ယူဆရပြီး ဘာကြောင့် အခုလုပ်ရပ်ကို ကျူးလွန်သလဲ ဆိုတာကိုတော့ စုံစမ်းနေဆဲပါ။ ရဲတွေက သံသယ တရားခံရဲ့ ဖခင်ဖြစ်သူကိုလည်း ထိန်းသိမ်းထားပါတယ်။

တူရကီမှာ စာသင်ကျောင်း ပစ်ခတ်မှုတွေဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတွေလို့ သတ်မှတ်နိုင်ပေမယ့် အခုသီတင်းပတ်ထဲမှာတော့ နှစ်ရက်ဆက်တိုက် အဲဒီလို ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဧပြီ ၁၄ ရက်နေ့တုန်းကလည်း ဆန်လျူရာဖာ ပြည်နယ်ထဲက ဆီဗာရက်မြို့က အသက်မွေး ပညာသင် ကျောင်းထဲကို အသက် ၁၈ နှစ်အရွယ် ကျောင်းသားဟောင်း လူငယ်တစ်ဦးက ပြောင်းတိုသေနတ်ကိုင်ပြီး ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

တူရကီ အစိုးရရဲ့ တရားရေး ဝန်ကြီး အကင် ဂါလက်ခ်က အခုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အလေးအနက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ လူမှုကွန်ရက်ပေါ်မှာ ကြေညာထားပါတယ်။

ကိုးကား: CNN
ဓာတ်ပုံ – Reuters, AP

ဆက်စပ်သတင်းများ

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။