Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကနေ လှမ်းပစ်တဲ့လေးစင်းမြောက် ဒုံးကျည်ကို ကြားဖြတ် ပစ်ချခဲ့ကြောင်း တူရကီပြော

အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲကာလအတွင်း အီရန်ဖက်က ပစ်ခတ်လိုက်တဲ့ စတုတ္ထမြောက် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း တူရကီက ပြောပါတယ်။

မတ်-၃၁၊၂၀၂၆။People’s Spring

အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲကာလအတွင်း အီရန်ဖက်က ပစ်ခတ်လိုက်တဲ့ စတုတ္ထမြောက် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း တူရကီက ပြောပါတယ်။

တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက အဲဒီဒုံးကျည်ဟာ အီရန်ဖက်ကနေ စတင်ပျံသန်းလာတာ ဖြစ်တယ်လို့ ပြောပေမယ့် တူရကီ နိုင်ငံဆိုင်ရာ အီရန်သံရုံးကတော့ ငြင်းဆိုထားပါတယ်။

တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ မတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ အီရန်နိုင်ငံကနေ စတင်ပျံသန်းလာတဲ့ ဒုံးကျည်ကို NATO စစ်မဟာမိတ် အဖွဲ့က ကြားဖြတ် ပစ်ချခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တူရကီဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို တိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ အီရန်မှာ စစ်ပွဲစတင်လာတဲ့နောက်ပိုင်း ၄ ကြိမ်မြောက်ဖြစ်ကြောင်း၊ ဒါပေမဲ့ ဒုံးကျည် ၄ စင်းစလုံးဟာ တူရကီ ပိုင်နက်ထဲ မဝင်ရောက်နိုင်ခင်မှာပဲ အသီးသီး ပစ်ချခံခဲ့ရကြောင်း တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အီရန်ကနေ စတင်ပျံတက်လာတဲ့ ပဲ့ထိန်း ခဲယမ်းလက်နက် တစ်ခုဟာ တူရကီ လေပိုင်နက်ထဲ ဝင်ရောက်ခါနီးမှာပဲ NATO လေကြောင်းကာကွယ်ရေး စနစ်တွေရဲ့ ဟန့်တားပစ်ချမှုကြောင့် မြေထဲပင်လယ် အရှေ့ဖက် ကမ်းလွန်ရေပြင်ဆီ ကျရောက်သွားခဲ့တယ်လို့ တူရကီက ထုတ်ပြန်ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်းက တခြားအမေရိကန် မဟာမိတ် နိုင်ငံတွေနဲ့ ယှဉ်ရင် တူရကီဟာ လက်ရှိစစ်ပွဲ ကာလမှာ အီရန်ရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို အတော်လေး သက်သက်သာသာ ခံစားရတယ်လို့ ဆိုနိုင်ပါတယ်။ ကူဝိတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)တို့လို နိုင်ငံတွေကတော့ အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေဒဏ်ကို အတော်ကြီး ပြင်းပြင်းထန်ထန် ကြုံတွေ့နေခဲ့ရပါတယ်။

တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်ကတော့ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရာကအစပြုလာတဲ့ စစ်ရေးပဋိပက္ခကြီးထဲသူ့နိုင်ငံကို ဆွဲသွင်းမခံရအောင် ကာကွယ်ဖို့ဟာ သူ့အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

တူရကီနိုင်ငံဆိုင်ရာ အီရန်သံရုံးကတော့ တူရကီဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း စွပ်စွဲချက် မှန်သမျှကို ငြင်းပယ်ထားပြီး အဲဒီကိစ္စကို အကျေအလည် ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်း စုံစမ်းဖို့ တူရကီကို တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တူရကီ အစိုးရဟာ နိုင်ငံတောင်ပိုင်းကအမေရိကန်တပ်တွေ အခြေစိုက်ထားရာ အင်ကာလစ်ခ် လေတပ်စခန်းမှာ NATOက Patriot လေကြောင်းကာကွယ်ရေး စနစ်တစ်ခု ထပ်မံဖြန့်ကျက်ဖို့ စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။

ကိုးကား-AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို သောကြာနေ့၊ ဇွန်လ ၁၉ ရက်မှာ အလုံးစုံ ပြန်ဖွင့်နိုင်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အဆုံးသတ်ဖို့ အီရန်နဲ့ အမေရိကန်ကြား သဘောတူညီမှု ရရှိသွားပြီလို့ နှစ်ဖက်စလုံးက အသီးသီး ကြေညာခဲ့ပါတယ်။