သတင်း
"စခ စစ်ကြောင်းမှူးက အောင်းမြောက်ရွာဘုန်း ကြီးကျောင်းမှာဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ သိရတယ်"ဟု ယောဒေသစစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။ သို့သော် ၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။
Hi, what are you looking for?
"စခ စစ်ကြောင်းမှူးက အောင်းမြောက်ရွာဘုန်း ကြီးကျောင်းမှာဆေးကုသမှုခံယူရင်း သေဆုံးသွားတာလို့ သိရတယ်"ဟု ယောဒေသစစ်ရေး သတင်းရင်းမြစ်က အတည်ပြုသည်။ သို့သော် ၎င်းတို့ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။
ပြည်သူကို ဂရုမစိုက်ကြဘဲ ကိုယ့်အုပ်စုမှ အကောင်များကိုသာ လူထင်တက် သော ရဲခ/စခများ ထုံးစံအတိုင်း ၎င်းတို့လူထိ၍ ထီးလင်းမြို့ပေါ် တွင် ပတ်ရမ်းလျှက်ရှိကာ မဆိုင်သူများအား ဖမ်းဆီးနေသည်ဟု YDF(ထီးလင်း)၏ ထုတ်ပြန်ချက်၌ဖော်ပြကာ ထီးလင်းမြို့ပေါ်သို့ မသွားရန် သတိပေးထားသည်။
သတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေပါက စစ်ကောင်စီ ဘက်တော်သားများ အဖြစ် သတ်မှတ်၍ အချိန်နေရာမရွေး တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။
PEOPLE'S DEFENCE FORCE-HTILIN (YRPA)၏ စိုးမိုးနယ်မြေ (၂)၊(၃)၊(၄)၊(၅)သို့ သွားရောက်ကာ သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်၀မ်းလျှောရောဂါများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများကို ဟောပြောပညာပေးခဲ့ကြောင်း ယနေ့(ဇူလိုင် ၁၁ရက်)ထုတ်ပြန်ထားသည်။
ဇူလိုင် ၂ ရက်က ထီးလင်းမြို့နယ်၊ ထလင်းရွာထဲမှထွက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင် စီစစ်ကြောင်းကို တပ်ရင်းလေးခုဖြင့်ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း YDF တပ်ရင်း(၁၅)က ထုတ်ပြန်ထားသည်။
"နယ်မြေစိုးမိုးမှုကို သူတို့ တောက်လျှောက်လုပ်နေတယ်။အဓိကတော့ ပြည်သူတွေ စစ်ဘေးရှောင်နေရတာတွေကြောင့် စိတ်အားမငယ်ဖို့ပါပဲ။မြေပြင်စစ်ရေးအရ အချိန်မရွေးတိုက်ပွဲတွေ ပြင်းထန်ဖို့လည်း ရှိနေတယ်"ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ယခင်ကလည်း စင်းစယ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ဖူးပြီး ယခုသည် ဒုတိယအကြိမ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်တွင် အင်တာနက်ကိုအချိန်အကန့်အသတ်ဖြင့်သာရရှိခဲ့ပြီးနောက် ယမန်နှစ် စက်တင်ဘာကစ၍ အင်တာနက်လုံးဝဖြတ်တောက်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။
ထီးလင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ယောဒေသကာကွယ်ရေးတပ်(YDF)တို့က စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်
မြို့နယ်ကော်မရှင်ရုံးသို့ ချဥ်းကပ်တိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကာ ဗိုလ်ကြီးနေလင်းအောင်မှာလည်း ပေါင်၌ ကျည်မှန်ဒဏ်ရာဖြင့် ထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။