Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ်တနေရာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၅ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတဦးက ပြောသည်။

ဧပြီ ၁၅၊၂၀၂၅။ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းမြို့နယ်တနေရာကို စစ်ကောင်စီက ယနေ့(ဧပြီ ၁၅ရက်)နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတဦးက ပြောသည်။

ထီးလင်းမြို့နယ်အရှေ့ဘက် တနေရာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ ထိခိုက်မှုနှင့် ဖြစ်စဉ်အသေးစိတ် မသိရသေးဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ကြောင်းလည်း ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျေးရွာအနီးအနားတော့ မဟုတ်လောက်ဘူးလို့ ယူဆတယ်ဗျ။ တိုက်ပွဲကတော့ မရှိပါဘူး။ဗျ။ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုကို သတင်းရလို့ပဲ နေမှာပါ”ဟု ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ဧပြီ ၂၂ရက်ထိ ယာယီအပစ်ရပ်မည်ဟု ကြေညာထားသော်လည်း လေကြောင်း တိုက်ခိုက်မှုများ နိုင်ငံတဝန်းဆက်လက်ပြုလုပ်လျက်ရှိသည်။

“သူတို့ ကြေညာချက်တော့ အယုံအကြည်မရှိပါဘူးဗျ”ဟု ထီးလင်းမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီသည် မကွေးတိုင်းနှင့် နယ်မြေခြင်း ဆက်စပ်နေသည့် ချင်းပြည်နယ် မင်းတပ် ၊ ကန်ပက်လက်မြို့နယ်များကိုလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ထို့အပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဧပြီ ၁၃ရက်က လေကြောင်းတိုက်ခိုက်မှုတွင် အလွန်ပြင်းထန်သည့်ဗုံးဖြင့် တိုက်ခိုက်ခဲခြင်းဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှတဆင့် ဧပြီ၁၄ရက်တွင် အသိပေးသည်။

တော်လှန်ရေးကာလအတွင်း ဗုံးကြဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို မနီးမဝေးမှ လေးကြိမ် ကြုံဖူးကြောင်း ဆလိုင်းယောမာန်က ပြောသည်။

” မြို့သိမ်းကာလတုန်းကဆိုဗုံးကြဲတာဘာပြောကောင်းမလဲ။ လေကြောင်းတိုက်ခိုက်မှုဆိုတာ နေသားတောင် ကျနေပြီ။အခုထိတော့ အသက်ရှင်နေဆဲငါမသေဘူး ရေကူးတတ်တယ်ပေါ့။ ဒါပေမဲ့မနေ့က ကြဲတဲ့ဗုံးကတော့ မကြုံဖူးအောင်ပြင်းထန်တယ်။ကိုယ်တောင် ဗုံးကွဲတဲ့အရှိန်ဟပ်တာမှာ ယိုင်လဲသွားမတတ်ဘဲ။ဗုံးတည့်တည့်ကျတဲ့အိမ်က အိမ်တိုင်တောင်မကျန်၊ ဘာအစအနမှ မကျန်ဘဲ ပျောက်သွားတယ်။တစ်မိုင်နီးပါးဝေးတဲ့ အိမ်က မှန်တွေတောင် ကွဲကျကုန်တယ်”ဟု ဆလိုင်းယောမန်က ဗုံးကြဲတိုက်ခိုက်ခံရမှု အတွေ့အကြုံကို ပြောသည်။

ဧပြီ ၁၃ရက် သင်္ကြန်အကြိုနေ့ နေ့လည် ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီက မင်းတပ်မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မရှိသော်လည်း ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦများ အကြီးအကျယ်ပျက်စီးကာ ခရိုင်ပညာရေးရုံးနှင့်တကွ တစ်မြို့လုံးရှိ လူနေအိမ်၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦများ အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဖော်ပြသည်။

ဧပြီ ၉ရက်ညပိုင်းကလည်း မင်းတပ်မြို့နယ်၊ ဖွီကျေးရွာသို့ စစ်ကောင်စီက ၂ ကြိမ်တိုင်တိုင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ပြည်သူ ၆ ဦးသေဆုံးကာ ဒဏ်ရာရသူ ၁၀ဦး ရှိခဲ့ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။