Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းပကဖ နှစ်ဖွဲ့ပေါင်းစည်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှစ်ဖွဲ့ကို တမြို့နယ်လုံးလွှမ်းခြုံတဲ့ ပကဖ အဖြစ်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထီးလင်း(ပကဖ)က ထုတ်ပြန်ပါတယ်။

ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှစ်ဖွဲ့တာဝန်ရှိသူတွေ ဆွေးနွေးနေစဉ်။ ဓာတ်ပုံ − ထီးလင်း ပကဖ

စက်တင်ဘာ-၂၃၊၂၀၂၅။ဇော်ဝင်း/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှစ်ဖွဲ့ကို တမြို့နယ်လုံးလွှမ်းခြုံတဲ့ ပကဖ အဖြစ်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထီးလင်း(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၃ရက်)မှာ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကို တမြို့နယ်လုံးလွှမ်းခြုံတဲ့ ပကဖ အဖြစ်ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

“တော်လှန်ရေးကာလ နိုင်ငံရေးအလှည့်အပြောင်းတွေမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့ကြပေမယ့် ပြည်သူကို မျက်နှာမူပြီ မတူတာတွေခဏထားပြီး အကောင်းဆုံးလုပ်နိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ ပေါင်းစည်းခဲ့ကြတာပါ”လို့ ထီးလင်းပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပူးပေါင်းဆောင်ရွက်ပေးကြတဲ့ ရပ်ကျေးပကဖတာဝန်ရှိသူတွေ၊ အုပ်စုတာဝန်ရှိသူတွေ၊ မြို့နယ်တာဝန်ရှိသူတွေ၊ ခရိုင်တာဝန်ရှိသူတွေနဲ့ ခရိုင်စစ်ဌာနတာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးအထူးတင်ကြောင်းလည်း ထီးလင်းပကဖ က ဆိုပါတယ်။

“စစ်ကောင်စီကို ပိုပြီးဖိအားပေးဖို့နဲ့တော်လှန်ရေးတပ်ဖွဲ့တွေတစုတစည်းတည်းဆိုတဲ့ခေါင်းစဥ်အောက်မှာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်”လို့ ထီးလင်းပကဖ တာဝန်ရှိသူ ပူးပေါင်းမှုနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ကစလို့ ထီးလင်းမြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အဖြစ် အရှေ့နဲ့ အနောက် နှစ်ခြမ်းကွဲခဲ့တာဖြစ်ပါတယ်။

“ကြိုဆိုပါတယ်။ကောင်းမွန်ပါတယ်၊ ဖြစ်သင့်နေတာကြာပါပြီ။ ပူးပေါင်းပြီး တလရ ကိုပိုမိုထိရောက်အောင်ကြိုးစားနိုင်ကြမယ်လို့မျှော်လင့်ပါတယ်”လို့ ထီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသတွင်းသတင်းရင်းမြစ်တွေ ပြောဆိုမှုအရ ပကဖနှစ်ဖွဲ့ကို တဖွဲ့တည်းအဖြစ် ပူးပေါင်းနိုင်ခဲ့သလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကိုလည်း မကြာမီပူးပေါင်းနိုင်လိမ့်မယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ၄၀၀ဝန်းကျင်လောက်ရှိတဲ့ ထီးလင်းမြို့ပေါ်ကလွဲလို့ မြို့နယ်ဧရိယာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထားပါတယ်။

စစ်ကောင်စီက နယ်မြေပြန်ထိန်းချုပ်ဖို့ ထီးလင်းမြို့နယ်မှာ မကြာခဏစစ်ကြောင်းထိုးတာရှိပေမယ့် မြို့ပေါ်ကိုပဲ ပြန်ဆုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ထီးလင်းမြို့ပေါ်ကို စစ်ကောင်စီက စားနပ်ရိက္ခာနဲ့ခဲယမ်းတွေ လေကြောင်းနဲ့ မကြာခဏ အားဖြည့်နေပါတယ်။

စစ်ကောင်စီရဲ့အရေးပေါ်အဖြစ်ကြေညာထားတဲ့ ၆၃မြို့နယ်မှာ မကွေးတိုင်းထဲက ထီးလင်း၊ပေါက်၊မြိုင်၊ဆောနဲ့ ရေစကြိုမြို့နယ်တွေ ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။