Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်၊ အရပ်သားလေးဦးသေဆုံးပြီး နေအိမ် ၄၀ကျော် ပျက်စီး

သေဆုံးသူများတွင် ကျောင်းသူ နှစ်ဦးပါဝင်၊ လေကြောင်းအန္တရာယ် သတိပေး

မတ်လ ၂၀ရက်နံနက်က ထီးလင်းမြို့နယ်အား လေကြောင်းတိုက်ခိုက်မှု၌ ထိခိုက်ပျက်စီးသွားသည့်နေအိမ်များ။ ဓာတ်ပုံ - ထီးလင်း ပကဖ

မတ် ၂၀၊ ၂၀၂၅။ကဖေး၊ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ အလယ်ဘန်းကျေးရွာအား ယနေ့(မတ်လ ၂၀ရက်) နံနက် အစောပိုင်း၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦးသေဆုံးခဲ့ပြီး နေအိမ် ၄၀ကျော် ပျက်စီးခဲ့သည်။

အလယ်ဘန်းကျေးရွာတွင် စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

” ယောဒေသကို ပစ်မှတ်ထားနေတာ။ မေ့လောက်မှ တခါလာလာပစ်တော့ အရပ်သားတွေမှာ တော်တော်လေးဒုက္ခရောက်တယ်။ အခုပစ်သွားတဲ့နေရာကလည်း ကာကွယ် ရေးတပ်ဖွဲ့တွေ လုံးဝမရှိတဲ့ရွာပါ”ဟု ထီးလင်းမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦးသေဆုံးပြီး ကျောင်းသူနှစ်ဦးပါဝင်သည်ဟု ထီးလင်းမြို့နယ် ပကဖက သတင်းထုတ်ပြန်ထားသည်။

နေအိမ် ၄လုံးမီးလောင်ပြီး ၁၂လုံး အလုံးစုံပျက်စီးကာ စုစုပေါင်း နေအိမ်၄၀ကျော် ပျက်စီးခဲ့သည်ဟု သတင်းရရှိသည်။

ထို့အပြင် နွား၊ဝက် ၁၀ကောင်ကျော်သေဆုံးပြီး၂၀ကျော် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

လေကြောင်းအန္တရာယ်ကြီးမားနေ၍ ပြည်သူများအနေဖြင့် ဘေးကင်းနိုင်သောနေရာများ၊ ဗုံးခိုကျင်းအတွင်းနှင့် အနီးတွင်သာ အိပ်ကြရန် ထီးလင်းမြို့နယ်ပကဖက သတိပေး ထုတ်ပြန်ထားသည်။

” စစ်ကောင်စီသည် ယောဒေသအတွင်း လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် အပြင်းအထန် ချေမှုန်းတိုက်ခိုက်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် ကင်းနိုင်သောနေရာနှင့် ပုန်းခိုကျင်းထဲသို့ အနီးတွင်သာအိပ်စက်ကြပါရန် ထီးလင်း ပကဖအနေဖြင့် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ”ဟု ထီးလင်း ပကဖက ထုတ်ပြန်သည်။

ယောဒေသတွင်ပါဝင်သော ထီးလင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ခု၊ ကျေးရွာအုပ်စု ၈အုပ်စုနှင့် ရွာပေါင်း ၉၃ရွာရှိသည်။

စစ်ကောင်စီက မြို့ပေါ်ရှိ ရွှေထီးခန်းမအပါအဝင်ဌာနဆိုင်ရာရုံးများနှင့် ရေမျက်နီရွာ၌ တပ်စွဲထားပြီး ကျန်ကျေးရွာအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို ဗုံးကြဲတိုက်ခိုက်လာနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။ လေကြောင်းတိုက်ခိုက်ရာတွင် ကျူးလွန်သည့် စစ်ကောင်စီ လေတပ်အရာရှိများ၏ ကိုယ်ရေးအချက်အလက်နှင့်နေရပ်လိပ်စာများကို တော်လှန်ရေးအင်အားစုများက ရှာဖွေဖော်ထုတ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နမ္မတူမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှစ်ဖွဲ့ကို တမြို့နယ်လုံးလွှမ်းခြုံတဲ့ ပကဖ အဖြစ်ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထီးလင်း(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲပြင်းနေသည့် တနင်္သာရီ မောတောင်လမ်းတွင်လည်း လေယာဉ်ဖြင့် ဗုံးသီးများကြဲချ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။