Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းနယ်ရှိ အကြည်ဘန်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ပြည်သူသုံးဦး ရုပ်အလောင်းတွေ့

ထီးလင်းမြို့နှင့် ကျောက်ထုမြို့မှ ထွက်လာသည့် အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၅ ရက်တွင် အကြည်ဘန်းရွာကို ဝင်ရောက်ခဲ့ပြီး မေလ ၆ ရက်နံနက် ၁၀နာရီခန့်တွင် ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - People's Spring)
(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - People's Spring)

မ​ကွေးတိုင်း ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီက မေလ ၆ရက်တွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူသုံးဦး သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

အိမ်ခြေ ၂၀၀ကျော်ရှိသည် အကြည်ဘန်းကျေးရွာရှိ စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကျေးရွာသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

“ဘုန်ကြီးကျောင်းနဲ့ နေအိမ် ၁၀လုံးလောက်ပဲကျန်တော့တယ် ”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - People's Spring)
(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – People’s Spring)

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ရုပ်အလောင်း သုံးလောင်း တွေ့ရှိခဲ့ပြီး မည်သူ၊မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း အဆိုပါ ရဲဘော်များက ပြောသည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့နှင့် ကျောက်ထုမြို့မှ ထွက်လာသည့် အင်အား ၂၀၀ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၅ ရက်တွင် အကြည်ဘန်းရွာကို ဝင်ရောက်ခဲ့ပြီး မေလ ၆ ရက်နံနက် ၁၀နာရီခန့်တွင် ရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - People's Spring)
(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – People’s Spring)

“ရွာသားအများစုကို ဓားစာခံအနေနဲ့ ဖမ်းထားတယ်။ မနက်ကတော့ ၁၀ယောက်ပြန်လွှတ်ပေးလိုက်တယ်။ ဖမ်းထားတာအများကြီး ကျန်သေးတယ်”ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကြောင်းသည် ယနေ့ (မေ ၇ရက်)တွင် အညာဘန်းရွာဝင်ရောက်သွားပြီး အနီးအနားဝန်းကျင်တွင်ကင်းပုန်းများ အမြောက်အမြားချထားသည်ဟုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - People's Spring)
(ထီးလင်းမြို့နယ်ရှိ အကြည်ဘန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ – People’s Spring)

လက်ရှိတွင် ထီးလင်းမြို့နယ်အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကို ဖြတ်တောက်ထားသည်။ ကျေးရွာဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း ဒေသခံများကပြောသည်။

●အမှားပြင်ဆက်ချက်▪︎ကနဦး​ရေးသားရာတွင် ထီးလင်းမြို့နယ်ဟုမှားယွင်း​ရေးသား​ဖော်ပြမိခဲ့ပါသည်။ မ​ကွေးတိုင်း ထီးလင်းဟု ပြင်ဆင်ဖတ်ရှု​ပေးပါရန်။မှားယွင်းမှုအတွက် စာဖတ်ပရတ်သတ်ကို​တောင်းပန်အပ်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း ၂ခုကို ထပ်မံတိုက်ခိုက်သိမ်းယူလိုက်တယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook