သတင်း
ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။
Hi, what are you looking for?
ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။
လက်ရှိအခြေအနေမှာ စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နှစ်ဖက်ဆက်ဆံရေးအဆင်မပြေဘဲ တင်းမားသည့်အခြေအနေတွင်ရှိ၍ ပစ်ခတ်တိုက် ခိုက်မှုများရှိလာနိုင်သောကြောင့် ပြည်သူများအနေဖြင့် ကျည်ကွယ်၊ မျက်ကွယ်တွင် နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထား သည်။
"မတ် ၂၉ထဲက ထီးလင်းမြို့ထဲကို စခ ထပ်တိုးတွေရောက်တာပေါ့။အင်အား ၁၀၀ ကျော် လောက်နဲ့ ဒီနေ့ စစ်ကြောင်းစထိုးတယ်။စခတွေရဲ့ အသေ အပျောက်တော့ မသိရသေးဘူး"ဟု YDFထီးလင်း၏ တာဝန်ရှိသူက People's Spring သို့ ပြောသည်။
"အခါကြီး ရက်ကြီးမှာလည်း ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ အသက်တွေကို စွန့်ပြီးသား။ မိဘပြည်သူတွေ အနေနဲ့မလိုအပ်ဘဲ အပြင်မထွက်စေချင်ဘူး"ဟု ထီးလင်းPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
" ကလေး(PDFလူငယ်များ)နဲ့ တွေ့ရင် ပြောလို့ဆိုလို့ရတယ်။ သူတို့က အေးဆေးပြောတယ်။ ဒါကြောင့် ကျွန်မတို့ ရုံးအလုပ်တွေကိုကျောခိုင်းလိုက်တယ်"ဟု ယခုရက်ပိုင်း နှုတ်ထွက်စာတင်ခဲ့သော ရုံးဝန်ထမ်းတစ်ဦးကပြောသည်။