Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ ရဲလှည့်ကင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်

ထီးလင်းမြို့တောင်ဘက် သရခါကျေးရွာအနီးတွင် လည့်ကင်းရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ ရဲလှည့်ကင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်
ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ ရဲလှည့်ကင်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်

အိမ်သွင်/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ လုံခြုံရေးလှည့်ကင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသည့်ဖြစ်စဉ် ဒီဇင်ဘာ ၅ရက်ညက ဖြစ်ပွားခဲ့သည်။

ထီးလင်းမြို့တောင်ဘက် သရခါကျေးရွာအနီးတွင် လည့်ကင်းရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

” လှည့်ကင်းလှည့်လာတယ် ထင်ပါတယ်။ အဲ့ဒါကို ပစ်တာမှာ တိုက်ပွဲဖြစ်တယ်။ ရဲတွေရဲ့ ခေါင်းတွေ၊ ဘော်ဒီတွေ သေနတ်ကျည် ထိတယ်။ တစ်ယောက်သေပြီး တစ်ယောက်က လက်ဖြတ်ရတယ်။ အဲ့ဒီ‌လှည့်ကင်း ပြန်ပြေးသွားတယ်”ဟု အထက်ပါ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့တွင် စစ်ကောင်စီအား တိုက်ခိုက်မည့် စစ်ဆင်ရေးများ ပိုမိုပြင်းထန်လာမည် ဖြစ်သဖြင့် မြို့ပေါ်တွင် နေထိုင်သူများအားလုံး ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံးထား မြို့ပေါ်မှ ထွက်ခွာပြီး အမျိုးသား ညီညွတ်ရေးအစိုးရ၏ စိုးမိုးနယ်မြေများသို့ လာရောက် ခိုလှုံကြရန် ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ထီလင်းမြို့ ရွှေထီးခန်းမ၊ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဘောလုံးကွင်းတို့တွင် တပ်စွဲထားပြီး မြို့ပေါ်နေအိမ်အချို့တွင် ပျူစောထီးများအား နေရာချထားသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook