Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများအချင်းများပြီး နှစ်ဖက်တင်းမာနေ

လက်ရှိအခြေအနေမှာ စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နှစ်ဖက်ဆက်ဆံရေးအဆင်မပြေဘဲ တင်းမားသည့်အခြေအနေတွင်ရှိ၍ ပစ်ခတ်တိုက် ခိုက်မှုများရှိလာနိုင်သောကြောင့် ပြည်သူများအ​နေဖြင့် ကျည်ကွယ်၊ မျက်ကွယ်တွင် နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထား သည်။

(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)
(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)

▪️စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းပစ်၍ Non-CDM ဝန်ထမ်းသားအမိနှစ်ဦးအပါအဝင် မိသားစုဝင်သုံးဦးလုံးသေဆုံး

ထီးလင်းမြို့သို့ရောက်ရှိနေသော စစ်ကောင်စီ လက် အောက်ခံ စစ်တပ်နှင့် ရဲများ နှစ်ဖက်အချင်းများပြီး အခြေအနေတင်းမာနေကြောင်း YDF – Htilinက ယနေ့(ဇွန် ၂၆)ထုတ်ပြန်သည်။

ဒေသခံသတင်းရင်းမြစ်တစ်ဦး၏ပြောဆိုမှုအရ ယနေ့ညနေ ၅ နာရီခန့်တွင် မူးယစ်သောက်စားထားသော စစ်သားနှင့် ရဲများသည် ကာရာအိုကေသွားဆိုမည့်ကိစ္စဖြင့် စကားများခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် စစ်သားများက ထီးလင်းမြောက်ပိုင်းရဲစခန်းဝင်းဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး Non-CDM ဝန်ထမ်းသားအမိဖြစ်သော မိခင်ဖြစ်သူ ထွေအုပ်စာရေးနှင့် သမီးဖြစ်သူ တိမွေးကုဆရာမတို့ သေဆုံးသွားကြောင်း YDF – Htinlin က ထုတ်ပြန်သည်။

(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)
(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)

ထို့အပြင် အဆိုပါနေအိမ်မှ ဖခင်ဖြစ်သူ ပြည်ခိုင်ဖြိုးပါတီဝင် ဦးအောင်းသန်းဝင်းဆိုသူမှာလည်း ပြင်းထန်ဒဏ်ရာရရှိသောကြောင့် ဆေးရုံပို့ကုသစဥ် ယနေ့ညပိုင်း၌ တေးရုံ၌ပင်ထပ်မံသေဆုံးသွားသည်ဟု ဆက်လက် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့ပေါ်ရှိ စစ်သားနှင့် ရဲများ အထက်ပါအတိုင်း အချင်းများကြပြီးနောက် ထီးလင်းမြောက်ပိုင်းရဲစခန်းမှရဲများကို စစ်သားအချို့က ဆဲဆိုကြိမ်းမောင်းခြင်း၊ ရိုက်နှက်ခြင်းများရှိခဲ့ကြောင်း YDF – Htilinက ပြောသည်။

“စစ်ခွေးတွေက သူတို့မကျေနပ်တာရှိလို့ ရဲခွေးတွေကိုဆဲဆိုပြီး တစ်ဖက်သတ်ရိုက်နှက်တာမျိုးပါခင်ဗျ”ဟု YDF-Htilin မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)
(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)

ထို့နောက် စစ်ကောင်စီတပ်သားများပြန်သွားချိန်တွင် ရဲများဘက်မှ စခန်းတွင်းလူစုကာ ဘန်ကာများတွင် အသင့်နေရာယူထားကြပြီး စစ်တပ်ဘက်မှလည်း ယနေ့ည ၈ နာရီကျော်သည်အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြို့ပေါ်တွင် ရမ်းသမ်းပစ်ခတ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ထီးလင်းမြို့သို့ရောက်နေသော စစ်သားများမှာ YDF-Htilin ၏တပ်ဖွဲ့ဝတ်စုံများ ဝတ်ဆင်ကာ မြို့ပေါ်အပါအဝင် ကျေးရွာအချို့သို့ PDF အသွင်ဖြင့် ဝင်ရောက်သောင်းကျန်းခြင်းများရှိနေပြီး နေအိမ်များအား ဖျက်ဆီးခြင်း၊ တန်းဖိုးရှိပစ္စည်းများခိုးယူခြင်းတို့ကို ကျူးလွန်နေကြောင်း အသိပေးသည်။

(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)
(ထီးလင်းမြို့နယ် တောရောင်းကျေးရွာမှ နေအိမ်အချို့ကို ဖောက်ထွင်းခိုးယူသည့်အပြင် ပြည်သူတစ်ဦးကိုရိုက်နှက်၍ လက်ပြန်ကြိုးတုပ်ထားစဥ်)

သို့သော် လက်ရှိအခြေအနေမှာ စစ်ကောင်စီလက် အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း နှစ်ဖက်ဆက်ဆံရေးအဆင်မပြေဘဲ တင်းမားသည့်အခြေအနေတွင်ရှိ၍ ပစ်ခတ်တိုက် ခိုက်မှုများရှိလာနိုင်သောကြောင့် ပြည်သူများအ​နေဖြင့် ကျည်ကွယ်၊ မျက်ကွယ်တွင် နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထား သည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်သားများ၏ အပေါ်စီးမှ ရိုင်းစိုင်းစွာဆက်ဆံနေမှုများကြောင့် မခံရပ်နိုင်ဖြစ်လာပါက ပြည်သူဘက်သို့ အမြန်ဆုံးပူးပေါင်းရန်နှင့် လက်နက်နှင့်အတူ ပူးပေါင်းပါက ဆုကြေးငွေပါချီးမြှင့်သွားမည်ဟု YDF-Htilin က သတင်းစကားပါးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။