Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့ပေါ်၌ စစ်ကောင်စီအဖွဲ့သာကျန်တော့၍ အလင်းဝင်ကြရန် ပအဖ နောက်ဆုံးအကြိမ် သတိပေး

ယမန်နေ့ကလည်း တော်လှန်ရေးတပ်များက မြို့ကို ၃နာရီကြာပစ်ခတ်တိုက်ခိုက်

၂၀၂၄ ဧပြီလဆန်းက ထီးလင်းမြို့၊ ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ယောလူထုတိုက်ပွဲကော်မတီ

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသာ ကျန်ရှိတော့၍ အလင်းဝင်ကြရန် နောက်ဆုံးအကြိမ် သတိပေးကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“အခုနောက်ဆုံး ထီးလင်းမြို့ပေါ်မှာကျန်တာ လူဦးရေ ၆၀၀လောက်ပဲရှိတော့တယ်။ဒါလည်း စကစ ရဲ့ ဝန်ထမ်းတွေနဲ့ သူရဲ့မိသားစုဝင်တွေ ရယ်။ပျူစောထီးအချို့ရယ်ပေါ့။သူတို့ကို မနေ့ကတော့ နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၆ရက်) နံနက်၁၀ နာရီခွဲကစ၍ နေ့လည် ၁ နာရီ ၁၅မိနစ်အတွင်း ၃နာရီကြာ တော်လှန်ရေးတပ်ဖွဲ့များက ထီးလင်းမြို့တွင်း နေရာအပြား၌ လက်နက်ကြီးနှင့် လက်နက်ငယ် ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံး၊ မြို့နယ်စိုက်ပျိုးရေးရုံး၊မြို့နယ်စိုက်ပျိုးရေးဘဏ်၊၊မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊မြို့အရှေ့ဖက် ရုပ်/သံကုန်း၊ မြို့မရဲစခန်းဝင်းနှင့် မြို့နယ်ခန်းမ ရွှေထီးခန်းမအနီးဝန်းကျင်၌ လက်နက်ကြီးကျည် ၄၂လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယောဒေသတွင်း သတင်းရင်းမြစ် ကိုဘကောင်းက အသိပေးသည်။

စစ်ကောင်စီစွန့်လွှတ်လိုက်ရပြီးဖြစ်သော ချင်းပြည်တောင်ပိုင်းမြို့များ၊အထူးသဖြင့် မင်းတပ်မြို့နှင့် နယ်မြေချင်းစပ်ဆက်သည့် ထီးလင်းမြို့သည် မကွေးတိုင်း၏ အနောက်ဘက်အစွန်၌ ဆော၊ကျောက်ထု၊ကျောမြို့နှင့်အတူ ယောဒေသအဖြစ် ပါဝင်သည်။

၂၀၂၃ မတ်လကုန်အထိ ထီးလင်းမြို့ရှိလူဦးရေ စာရင်းသည် ၅၁,၆၅၃ ဦးရှိပြီး ထိုအနက်မြို့ပေါ်တွင် နေထိုင်သူ ၄,၈၃၃ ဦးရှိကြောင်း စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစာရင်းတွင် ဖော်ပြ သည်။

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီ၊ရဲ နှင့်ပျူစောထီး အင်အား ၂၀၀ ဝန်းကျင်ရှိနိုင်ပြီး ယနေ့ နံနက်ပိုင်းက မြို့အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးရန်ထွက်လာသည့် အင်အား ၉၀ပါစစ်ကြောင်းမှာ ယနေ့ နေ့လည် ၁၁ နာရီခန့်က မြို့ထဲသို့ ပြန်လည်ဝင်ရောက် ခဲ့ရသည်ဟု သိရသည်။

“အရင်ကဆို ထီးလင်းမြို့ပေါ်ကနေ ရွာတွေဘက် စစ်ကြောင်းထိုးတာ တစ်လ လေးငါးကြိမ်မကရှိတယ်။အဲဒီတုန်းက တော်လှန်ရေးအဖွဲ့တွေဘက်က လက်နက် မပြည့်မစုံနဲ့ဆိုတော့ ထင်တိုင်းကြဲခဲ့တာပေါ့။အခုကတော့ ချက်ချင်းစစ်ကြောင်းထိုးပြ ချက်ချင်းမြို့ထဲ ပြန်ဝင်တာ။ဒီမနက် ထလင်းရွာက ကုန်စုံဆိုင်ကိုဝင်မွှေ ရိက္ခာတွေခိုးပြီး မြို့ပေါ်ချက်ချင်းပြန်ဆုတ်သွားတာ”ဟု ထီးလင်းဒေသခံတစ်ဦးက လူထုနွေဦသို့ ပြောသည်။

ထို့အပြင် ထီးလင်းမြို့ပေါ်တွင် စစ်ဆင်ရေးများပိုမိုပြင်းထန်လာမည့်အတွက် ထီးလင်းမြို့ပေါ်တွင် နေထိုင်သူများကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲ ကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခင်လကတည်းက ထုတ်ပြန်ထားသည်။

ထီးလင်းမြို့နေပြည်သူများအား ဘေးလွတ်ရာတိမ်းရှောင်ကြရန် တော်လှန်ရေးအဖွဲ့များက ၂၀၂၄ ဧပြီကတည်းက သတိပေးပြောဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook