Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်ရှိ သံဃာတော်များ စစ်ကောင်စီအား ကံဆောင်သပိတ်မှောက်

ယနေ့ (ဇူလိုင် ၂၆ ရက်)နံနက်ပိုင်းက ထီးလင်းမြို့နယ်ရှိ သံဃာတော်များသည် ကျောင်းတစ်ခုရှိသိမ်၌ စုဝေးပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

ထီးလင်းမြို့နယ်ရှိ သံဃာတော်များ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်နေစဥ် ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ရှိ သံဃာတော်များက စစ်ကောင်စီအား ပတ္တနိက္ကူဇ္ဇန ကံဆောင်သပိတ်မှောက်ရာတွင် ပါဝင်လာကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင် ၂၆ ရက်)နံနက်ပိုင်းက ထီးလင်းမြို့နယ်ရှိ သံဃာတော်များသည် ကျောင်းတစ်ခုရှိသိမ်၌ စုဝေးပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်ခဲ့ကြောင်း သပိတ်ဦးဆောင်သူများက ပြောသည်။

“ကံဆောင်သပိတ်တွေက နောက်ထပ်လည်းတိုးလာဦးမယ်ထင်ပါတယ်။ ရတဲ့နည်းနဲ့ပြနေကြတယ်။”ဟု ကံဆောင်သပိတ်ဦးဆောင်သူ ချောင်းဦးဆရာတော်က မိန့်ကြားသည်။

Public Service Announcement

Public Service Announcement

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ရက်​က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ စတင်ပြုလုပ်ခဲ့ပြီးနောက် ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလငမြင်းမူ၊ ရေဦး၊ ကနီ၊ မြောင် အစရှိသည့် မြို့နယ်များ၌လည်းကောင်း၊ မကွေးတိုင်း၌ မြိုင်၊ ပခုက္ကူ၊ ပေါက်ဆိပ်ဖြူနှင့် ထီးလင်းမြို့နယ်များ၌လည်းကောင်း၊ တနင်္သာရီတိုင်း၊ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မန္တလေး အစရှိသည့် မြို့နယ်များတွင်လည်းကောင်း ပြုလုပ်လာရာ စုစုပေါင်း မြို့နယ် ၂၄ မြို့နယ်အထိ ရှိခဲ့သည်။

ထီးလင်းမြို့နယ်ရှိ သံဃာတော်များ စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်နေစဥ်။ ဓာတ်ပုံ-CJ

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ဆိုသည်မှာ “ရဟန်းတို့အား လာဘ်မရအောင်ပြုခြင်း၊ အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြုခြင်း၊ နေမြဲကျောင်းမနေရအောင်ပြုခြင်း၊ ရဟန်းတို့ကို ဆဲရေးကြိမ်းမောင်းခြင်း၊ ရဟန်းခြင်း ကွဲပြားအောင်ပြုခြင်း၊ ဘုရား၊ တရား၊ သံဃာ ကျေးဇူးမဲ့ဆိုခြင်းများ အစရှိသည့် အင်္ဂါ ၈ ပါးနှင့်ပြည့်စုံသော ဥပါသကာအား သပိတ်ကို မှောက်ခြင်းငှာ ခွင့်ပြု၏။ အင်္ဂါရှစ်ပါးတို့တွင် တစ်ပါးပါးသော အင်္ဂါနှင့်ပြည့်စုံသူကိုလည်း သိမ်တွင်း၌လည်းကောင်း၊ အိမ်ပသို့သွား၍ မြစ်စသည်တို့၌လည်းကောင်း သပိတ်မှောက်အပ်ကြောင်း၊ သပိတ်မှောက်ပြီးသောအခါ ထိုသူ၏ အိမ်၌ လှူဖွယ်ဝတ္ထုတစ်စုံတရာကို မခံယူအပ်။ ဤမည်သောသူ၏အိမ်၌ ဆွမ်းမခံကြပါနှင့်ဟု တပါးသောကျောင်းတို့သို့လည်း စေလွှတ်အပ်၏”ဟု မြတ်စွာဘုရားလမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို နိုင်ငံတော်သံဃမဟာနာယက(ငြိမ်း)၊ ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့၍ သံဃာတော်များက ဆန့်ကျင်သည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook