Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့နယ်စစ်ဆင်ရေးတွင် AAပါဝင်တိုက်ပွဲဝင်နေဟု ညီနောင်သုံးဖွဲ့ အသိပေး

ဒီဇင်ဘာ ၆ရက် နေ့လယ်ပိုင်းက ရေမျက်နီကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်း နှင့် စစ်ကောင်စီတို့ သုံးနာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြပြီး အသေးစိတ်အခြေအနေများကို ဖော်ပြထားခြင်းမရှိပေ။

(ရက္ခိုင့်တပ်တော်(AA)​၏ စစ်သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ရက္ခိုင့်တပ်တော်(AA)​၏ စစ်သင်တန်းဆင်းပွဲတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)

▪️ရှမ်းမြောက်မြို့နယ်လေးခုရှိ တပ်စခန်းများကို မရရအောင် ဆက်တိုက်မည်ဟု ထုတ်ပြန်

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ယမန်နေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

ဒီဇင်ဘာ ၆ရက် နေ့လယ်ပိုင်းက ရေမျက်နီကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်း နှင့် စစ်ကောင်စီတို့ သုံးနာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြပြီး အသေးစိတ်အခြေအနေများကို ဖော်ပြထားခြင်းမရှိပေ။

AAသည် ရှမ်းမြောက်စစ်ဆင်ရေး၊ စစ်ကိုင်းတိုင်းထီးချိုင့်၊ ရက္ခိုင်ဒေသနှင့် ချင်းပြည်နယ် ပလက်၀ တိုက်ပွဲများတွင် ပါဝင်နေသကဲ့သို့ ကရင်ပြည်နယ် KNU နယ်မြေများ၌လည်း ၎င်းတပ်များ ရှိနေသည်။

ရေမျက်နီရဲစခန်းကို ယခု ဒီဇင်ဘာလဆန်းတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေး ခုခံနေရသည့် အခြေအနေဖြစ်သည်။

Public Service Announcement

Public Service Announcement

ညီနောင်မဟာမိတ် သုံးဖွဲ့ ရှမ်းမြောက် စစ်ရေးအခြေအနေကို ဖော်ပြခဲ့ရာ ရှမ်းမြောက်ဒေသတွင်းရှိ သီပေါ၊ နမ့်ခမ်း၊ လားရှိုးနှင့် ကွတ်ခိုင်စသည့် မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းအချို့နှင့် မိမိတို့စစ်ဆင်ရေးကို အနှောင့်အယှက်ပေးနေသော ရန်သူ့တပ်စခန်းများကို မရရအောင် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

စစ်ကောင်စီ၏ နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းအား ထပ်မံထိုးစစ်ဆင်ခဲ့ရာ ရန်သူ့လက်အောက်ခံ မန်တပ်စခန်းနှင့် နမ့်ဖတ်ကာစခန်းမှ လက်နက်ကြီးဖြင့် (၄၉)ကြိမ် ပစ်ကူပေးခဲ့သည့်အပြင် Y12 ဂျက်ဖိုက်တာဖြင့်လည်း (၂၁) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်ဟု ထုတ်ပြန်သည်။

ကိုးကန့်ဒေသတွင်လည်း လောက်ကိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်း လေးခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု အသိပေးသည်။

လောက်ကိုင်မြို့တုန်ချိန်ရပ်ကွက်၏ တောင်ဘက်ခြမ်းရှိ စစ်ကောင်စီအခြေစိုက်စခန်းတစ်ခု ဖြစ်သော တာရင်တောင်စခန်းကြီးမှ စခန်းပေါင်း လေးခုအား MNDAA က ၂ရက်ကြာတိုက်ခိုက်ခဲ့ပြီးအပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်သုံ့ပန်း ၁၀ဦးဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။

ရခိုင်ပြည်နယ် ပေါက်တောတွင်လည်း တိုက်ပွဲဆက်ဖြစ်နေကြောင်းအသိပေးသည်။ ပလက်ဝမြို့နယ်ရှိ နှုံးဘူးဗျူဟာကုန်းအား ရန်သူ၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသည့်ကြားမှ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့သည် မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ ဘက်မှ လေးဦးကျဆုံးခဲ့ကာ ငါးဦး ဒဏ်ရာရရှိခဲ့ဟု ထုတ်ပြန်သည်။

အထိနာသွားသော ရန်သူ့တပ်ဖွဲ့ဝင်များသည် ညနေ ၃နာရီအချိန်ခန့်တွင် ၎င်းတံတားအနီးမှ မြောက်ဦးမြို့ထဲသို့ လက်နက်ငယ်များဖြင့် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အရပ်သားပြည်သူများအား တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော အမ်းမြို့နယ်၊ ကဇုကိုင်း၊ တောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်ခဲ့၍ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်သည်။

မင်းပြားမြို့၊ တောင်မော်ဦးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်သားပြည်သူများအား လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့သဖြင့် ပေါက်တောဒေသခံတစ်ဦး သေဆုံးခဲ့ရသည့်အပြင် မင်းပြားမြို့၊ မယ်တော်တောင်တွင် တပ်စွဲထားသည့် ခမရ (၅၄၁)တပ်ရင်းမှလည်း မယ်တော်တောင်အနီး ဖြတ်သန်း သွားလာနေသော ပြည်သူများကို လက်နက်ငယ်များဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရန်သူသည် နိုင်ငံအနှံ့စစ်မျက်နှာစာအသီးသီး၌ ထိုးစစ်ကို တုံ့ပြန်နိုင်ခြင်း အပေါ် အားလျော့နည်းလာသည့်အပြင် စစ်သည်အင်အားများ အလွန်အမင်းပြုန်းတီးလာခြင်း၊ တပ်ပြေးခြင်း၊ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းတို့မှာ နေ့တိုင်းဖြစ်ပေါ်လျက်ရှိသောကြောင့် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီတပ်မှာ ပြိုကွဲစစ်တပ်တစ်ခုအဖြစ် မကြာခင်ရောက်ရှိလာပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒရည်မှန်းချက်များလည်း အမြန်ဆုံးပြည့်ဝလာတော့မည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။

စစ်ဆင်ရေးနှင့်ထိုးစစ်တိုက်ပွဲများအတွင်း အသက်၊ သွေး၊ ချွေး၊ ခန္ဓာများဖြင့် ပေးဆပ်ခဲ့ကြသော ရဲဘော်တစ်ဦးချင်းစီအား အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။