Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းမြို့နယ်တွင် YDF တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေ

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

(ယနေ့ နံနက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ် ကျန်ရစ်ခဲ့သော ပစ္စည်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF ထီးလင်း)
(ယနေ့ နံနက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ် ကျန်ရစ်ခဲ့သော ပစ္စည်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - YDF ထီးလင်း)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း YDF(ထီးလင်း)က ထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၈ နာရီခန့်တွင်ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ပြီး ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ရွှေခုံတိုင်ကျေးရွာ ၏ တောင်ဘက် (၃)မိုင်ခန့်အကွာ YDF- ထီးလင်း (တပ်ရင်း- ၇၊၈)မှ အနီးကပ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားငါးဦးထက် မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြား ရှိနိုင်ကြောင်း ဖော်ပြသည်။

“ဒီမနက် ၆ နာရီခွဲကစလို့ ရွှေခုံတိုင်ကျေးရွာကနေ ထွက်လာခဲ့တာ။အဲဒါကို ကျွန်တော်တို့ စောင့် တိုက်ခဲ့တာ။ထိတွေ့က ၁၅ မိနစ် လောက်ကြာတယ်။သေတာနဲ့ ထိခိုက်တာတွေကို ရှေ့တန်း ကင်းထောက်တွေက အတည်ပြုနိုင်ခဲ့တယ်”ဟု YDF-ထီးလင်း တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

YDF- ထီးလင်း တပ်ဖွဲ့မှာ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။