သတင်း
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် မိုးမောက်မြို့တွင် စစ်ရေးတင်းမာနေပြီး နိုဝင်ဘာ ၁၁ရက်မှစ၍ တိုက်ပွဲပြန်ဖြစ်နေသည်။
Hi, what are you looking for?
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီသည် မိုးမောက်မြို့တွင် စစ်ရေးတင်းမာနေပြီး နိုဝင်ဘာ ၁၁ရက်မှစ၍ တိုက်ပွဲပြန်ဖြစ်နေသည်။
"ဆေးရုံဖက်ကနေကြားနေရတယ်။ မနက်ကတည်းကကြားတာ။ မြို့ထဲလည်း မသွားရဲကြဘူး။ပုန်းနေရတော့ ဘယ်နေရာမှာ ဘာဖြစ်နေလဲ သေချာမသိရသေးဘူး"ဟုမိုးမောက်မြို့ခံတဦးကပြောသည်။
မိုးမောက်ဒေသခံတစ်ဦးက “ဒီနေ့ကတော့ ငြိမ်နေတယ်။ စစ်ရှောင်တွေရှိတယ်။ စကစတွေလည်း အမြဲတမ်းရှိတယ်။ နေ့တိုင်း ဒီမြို့မှာ သူတို့တွေသွားလာနေတာပဲ”ဟု မိုးမောက်မြို့ အခြေအနေကို ပြောပြသည်။
စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အောက်တိုဘာ၂၂ရက်မှ အောက်တိုဘာ၂၉ရက်အထိ ရှစ်ရက်အတွင်း အရပ်သားတစ်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်များကမူ ယနေ့(အောက်တိုဘာ ၃၀)နံနက်တွင် လုံဂျာဘွမ်တောင်ရှိKIA စခန်းကို သိမ်းပိုက်ရရှိကြောင်း ရေးသားဝါဒဖြန်ချီနေသည်။
ယမန်နေ့ (အောက်တိုဘာ ၂၉ရက်) နံနက်နှင့်ညတွင် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသပေးနေရကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၆ရက် ညကလည်း စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် မိုးမောက်မြို့ (၅)မိုင်ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသည်။
"KIAနဲ့ ချနေကြတာ။ တော်တော်လေး ပြင်းထန်တယ်။ ပေါက်ကွဲသံကြီး ထွက်လာပြီး သေနတ်သံတွေ ဆက်တိုက်ကြားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
"တိုက်ခိုက်တယ်ဆိုတာလောက်ပဲ သိပါတယ်။ အခြား မြေပြင်သတင်းတွေကတော့ ဘာမှ မတက်ဘူးခင်ဗျ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။