Connect with us

Hi, what are you looking for?

သတင်း

ကလေးငယ် ခုနစ်ဦးသေဆုံးခဲ့သည့် မိုးမောက်မြို့နယ်ဘုရားကျောင်း လေကြောင်းတိုက်ခိုက်မှု ဒဏ်ရာပြင်းထန်သူများအား လိုင်ဇာဆေးရုံပို့

ကုန်းလောကျေးရွာအပါအဝင် မိုးမောက်မြို့နယ်တစ်နယ်လုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက ဘုရားကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)
(မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ နှစ်ခြင်းအသင်းတော် KBC ဘုရားကျောင်းကို စစ် ကောင်စီ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw Kasa)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေငယ် ခုနစ်ဦးအပါအဝင် အနည်းဆုံး ၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ကျော်ရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

တန်ဆောင်တိုင်လပြည့်နေ့(နိုဝင်ဘာ ၁၅ရက်) ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ရှောင်များ နေထိုင်ရာ ဘုရားကျောင်းဝင်းအတွင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

“ ဒဏ်ရာပြင်းထန် လူနာတွေကိုတော့ လိုင်ဇာဆေးရုံပို့ဆောင်ထားတယ်။ စစ်ကောင်စီ လုပ်ရပ်က လူသားဆန်မှု ကင်းမဲ့တယ်။ “ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးခဲ့သူ ၉ ဦး၏ နာရေးအခမ်းအနား ပြင်ဆင်မှု ရုပ်သံကိုလည်း သတင်းရင်းမြစ်ကပြသရာ အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦး ၊ ကလေးငယ် ခုနစ်ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရသည်။

“အဲဒီမှာ သူတို့က ဘုရားကျောင်းဝန်းထဲမှာ အဲဒါလည်း စစ်ဘေးရှောင်တွေပဲဖြစ်တယ်။ အဲဒီမှာ ဘယ် KIAမှလည်းမရှိဘူး။ ဘယ်စစ်သားမှလည်းမရှိဘူး ပြည်သူပြည်သားတွေရှိတဲ့နေရာမှာ အဲဒါ ဗုံးကြဲတာ။အကုန်လုံးစုစုပေါင်း သေတာ ၉ယောက်၊ ဒဏ်ရာရတာတော့ ၂၀ကျော် ၃၀နီးပါးလောက် ရှိတယ်။ကျနော်တို့လည်း ဘယ်လိုပြောရမလဲ မသိတော့ဘူး ခံစားချက်ထဲမှာ။ ပြောမယ်ဆို စစ်ရေးနဲ့မဆိုင်တဲ့နေရာ အဲဒါ ဗုံးကြဲတာ အံ့ဩလို့ကို မဆုံးတာ။ အဲဒါ ဘယ်လိုပြောရမလဲဆို အကြမ်းဖက်သမားပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကုန်းလောကျေးရွာအပါအဝင် မိုးမောက်မြို့နယ်တစ်နယ်လုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး စစ်ကောင်စီက ဘုရားကျောင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် နောင်ချို၊ မိုးကုတ်မြို့များကိုလည်း ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူနေထိုင်ရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ ပြည်သူလူထု အစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်မှု ရှိခဲ့သည်။ နိုဝင်ဘာ ၁၁ရက်ညပိုင်းတွင် မိုးကုတ်မြို့ကို လေကြောင်း တိုက်ခိုက်ရာ ပြည်သူ ၉ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာ ၁၂ရက်ကလည်း နောင်ချို မြို့ လမ်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၁ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရှိခဲ့သည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၃ရက်တွင် နောင်ချိုကို လေကြောင်း ထပ်မံ တိုက်ခိုက်ခဲ့၍ အမျိုးသား ၄ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့ (နိုဝင်ဘာ ၁၆ရက်)တွင်လည်း နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု သတင်းကြားရကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ခုနက နောင်ချိုကို စကစ ဗုံးထပ်ကြဲတယ်လို့ပြောနေကြပါတယ်။ သေချာတော့ မသိသေးဘူး။ Update စုံစမ်းဆဲပါ”ဟု သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်သည် ကချင်၊ ရှမ်းမြောက်၊ ရက္ခိုင် အပါအဝင် စစ်ရေးရှုံးနိမ့်နေသည့် နေရာဒေသများရှိမြို့ရွာများရှိ ပြည်သူလူထုများ နေထိုင်ရာကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထုများစွာ သေဆုံးထိခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။