Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်း ၇ခုကို KIA ယနေ့ သိမ်းပိုက်

KIA တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်မြို့ကိုလည်း KIAက ထိန်းချုပ်ထားပြီး ကျန်နေသည့် ဆွမ်ပရာဘွမ် စစ်ကောင်စီ ဗျူဟာကုန်းကို KIA က ယနေ့အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

(မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ​၏ ခလရ-၂၃၇တပ်စခန်းအား KIAသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw)
(မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ​၏ ခလရ-၂၃၇တပ်စခန်းအား KIAသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw)

▪️၉နာရီခန့်သာကြာမြင့်သည့် ယနေ့တိုက်ပွဲစစ်ကောင်စီတပ်အထိနာပြီး လက်နက်ခဲယမ်းများစွာရ

▪️၂၀၁၁ တကျော့ပြန် စစ်ပွဲ၌ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းအားလုံးကို ပြန်ရပြီဟု စစ်ရေး သတင်းရင်းမြစ်ပြော

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၇ရက်မှစတင်ခဲ့သည့် KIA၏ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးအတွင်း တပ်စခန်း ၂၀ကျော် သိမ်းပိုက်ပြီးဖြစ်ရာ ယနေ့တပ်စခန်း ၇ခု ထပ်ရခဲ့၍ စုစုပေါင်း တပ်စခန်း ၃၀ခန့်ကို စစ်ဆင်ရေး ၁၁ရက်အတွင်း သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“မိုးမောက်မြို့နယ်ရှိ ရှေ့တန်းစခန်းကြီး၊ငယ် ပေါင်း ၇ခုကို ဒီနေ့ သိမ်းပိုက်နိုင်ခဲ့တယ်။မနက် ၇နာရီက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ညနေ ၃နာရီခွဲမှာ စခန်းအားလုံး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်။ ဖကောန်၊ မန်ဒါ၊ အိုခရိန်ဘွမ်၊ ဘွမ်ကပေါ်ဘွမ်၊ ဘွမ်ဆေန်ဘွမ်၊ ဆန်ဂါန်၊ ခလုံကရုန်အားလုံးစခန်း ၇ခုဖြစ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးမောက်တွင် စစ်ကောင်စီတပ်စခန်း ၆ခုခန့် ကျန်နေသေးသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ KIA၏ စစ်ဆင်ရေးသည် ၉နာရီခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့သည်ဟု ဆိုသည်။

” လက်နက်ခဲယမ်းတွေ အရမ်းများတယ်။ စာရင်းအတိအကျ မရသေးဘူး။ အခုညထိ သယ်ထုတ် နေတုန်းပဲ ။ မကုန်သေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ သိမ်းပိုက်ခဲ့သည့် တပ်စခန်းများသည် KIAနှင့် စစ်တပ်တို့ ၂၀၁၁က ဖြစ်ပွားခဲ့သော တကျော့ပြန် တိုက်ပွဲအစပြုရာနေရာဒေသမှ တပ်စခန်းများဖြစ်သည်ဟု ဆိုသည်။

“အဲဒီနေ့ စစ်တပ်ကနေ KIA ဆက်ဆံရေးရုံး စာရေး တပ်ကြပ်ချိန်းယိန်းကိုနှိပ်စက် သတ်ဖြတ် ပြီး အလောင်းပဲ ပေးခဲ့တယ်။ ဒါကြောင့် စစ်ပွဲဖြစ်ခဲ့တာ ယနေ့ထိပဲလေ”ဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်က ၂၀၁၁ တကျော့ပြန် စစ်ပွဲစတင်သည့် နေ့အကြောင်း ပြန်ပြောသည်။

မတ်လ ၇ရက်မှ စတင်သည့် KIA၏ ထိုးစစ်ဆင်မှုမှာ အောင်မြင်မှုရခဲ့ပြီး လိုင်ဇာအနီးစစ်ကောင်စီတပ်စခန်းများအားလုံး ကင်းစင်သွားပြီဖြစ်သည်။

“၂၀၁၁-၁၂ မှာ ငါတို့ လက်လွတ်လိုက်ရတဲ့ စခန်းတွေ အကုန်ပြရပြီ။ စစ်ဆင်ရေးက ပြင်းထန်အုံးမယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

KIA တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်မြို့ကိုလည်း KIAက ထိန်းချုပ်ထားပြီး ကျန်နေသည့် ဆွမ်ပရာဘွမ် စစ်ကောင်စီ ဗျူဟာကုန်းကို KIA က ယနေ့အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

အဆိုပါ ဗျူဟာစခန်းကို မတ်လ ၁၄ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူပေး ခုခံနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။