Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်း ၇ခုကို KIA ယနေ့ သိမ်းပိုက်

KIA တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်မြို့ကိုလည်း KIAက ထိန်းချုပ်ထားပြီး ကျန်နေသည့် ဆွမ်ပရာဘွမ် စစ်ကောင်စီ ဗျူဟာကုန်းကို KIA က ယနေ့အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

(မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ​၏ ခလရ-၂၃၇တပ်စခန်းအား KIAသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw)
(မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ​၏ ခလရ-၂၃၇တပ်စခန်းအား KIAသိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Myu Tsaw)

▪️၉နာရီခန့်သာကြာမြင့်သည့် ယနေ့တိုက်ပွဲစစ်ကောင်စီတပ်အထိနာပြီး လက်နက်ခဲယမ်းများစွာရ

▪️၂၀၁၁ တကျော့ပြန် စစ်ပွဲ၌ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းအားလုံးကို ပြန်ရပြီဟု စစ်ရေး သတင်းရင်းမြစ်ပြော

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မတ်လ ၇ရက်မှစတင်ခဲ့သည့် KIA၏ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးအတွင်း တပ်စခန်း ၂၀ကျော် သိမ်းပိုက်ပြီးဖြစ်ရာ ယနေ့တပ်စခန်း ၇ခု ထပ်ရခဲ့၍ စုစုပေါင်း တပ်စခန်း ၃၀ခန့်ကို စစ်ဆင်ရေး ၁၁ရက်အတွင်း သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“မိုးမောက်မြို့နယ်ရှိ ရှေ့တန်းစခန်းကြီး၊ငယ် ပေါင်း ၇ခုကို ဒီနေ့ သိမ်းပိုက်နိုင်ခဲ့တယ်။မနက် ၇နာရီက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ညနေ ၃နာရီခွဲမှာ စခန်းအားလုံး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်။ ဖကောန်၊ မန်ဒါ၊ အိုခရိန်ဘွမ်၊ ဘွမ်ကပေါ်ဘွမ်၊ ဘွမ်ဆေန်ဘွမ်၊ ဆန်ဂါန်၊ ခလုံကရုန်အားလုံးစခန်း ၇ခုဖြစ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးမောက်တွင် စစ်ကောင်စီတပ်စခန်း ၆ခုခန့် ကျန်နေသေးသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ KIA၏ စစ်ဆင်ရေးသည် ၉နာရီခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့သည်ဟု ဆိုသည်။

” လက်နက်ခဲယမ်းတွေ အရမ်းများတယ်။ စာရင်းအတိအကျ မရသေးဘူး။ အခုညထိ သယ်ထုတ် နေတုန်းပဲ ။ မကုန်သေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ သိမ်းပိုက်ခဲ့သည့် တပ်စခန်းများသည် KIAနှင့် စစ်တပ်တို့ ၂၀၁၁က ဖြစ်ပွားခဲ့သော တကျော့ပြန် တိုက်ပွဲအစပြုရာနေရာဒေသမှ တပ်စခန်းများဖြစ်သည်ဟု ဆိုသည်။

“အဲဒီနေ့ စစ်တပ်ကနေ KIA ဆက်ဆံရေးရုံး စာရေး တပ်ကြပ်ချိန်းယိန်းကိုနှိပ်စက် သတ်ဖြတ် ပြီး အလောင်းပဲ ပေးခဲ့တယ်။ ဒါကြောင့် စစ်ပွဲဖြစ်ခဲ့တာ ယနေ့ထိပဲလေ”ဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်က ၂၀၁၁ တကျော့ပြန် စစ်ပွဲစတင်သည့် နေ့အကြောင်း ပြန်ပြောသည်။

မတ်လ ၇ရက်မှ စတင်သည့် KIA၏ ထိုးစစ်ဆင်မှုမှာ အောင်မြင်မှုရခဲ့ပြီး လိုင်ဇာအနီးစစ်ကောင်စီတပ်စခန်းများအားလုံး ကင်းစင်သွားပြီဖြစ်သည်။

“၂၀၁၁-၁၂ မှာ ငါတို့ လက်လွတ်လိုက်ရတဲ့ စခန်းတွေ အကုန်ပြရပြီ။ စစ်ဆင်ရေးက ပြင်းထန်အုံးမယ်”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

KIA တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်မြို့ကိုလည်း KIAက ထိန်းချုပ်ထားပြီး ကျန်နေသည့် ဆွမ်ပရာဘွမ် စစ်ကောင်စီ ဗျူဟာကုန်းကို KIA က ယနေ့အထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။

အဆိုပါ ဗျူဟာစခန်းကို မတ်လ ၁၄ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်းပစ်ကူပေး ခုခံနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။