Connect with us

Hi, what are you looking for?

သတင်း

မံစီနှင့် မိုးမောက်မြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်ရင်းသုံးခုသာကျန်ပြီး KIA ဆက်လက်ထိုးစစ်ဆင်

မိုးမောက်မြို့အနီးရှိ ခမရ(၄၃၇)တပ်ရင်းကို KIAက မေလ ၉ရက်ကတည်းက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေသကဲ့သို့ မံစီ၌ ကျန်နေသည့် ခမရ(၆၀၁)တပ်ရင်းနှင့် ခမရ(၃၁၉) တပ်ရင်းတို့အား ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

(KIA တပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ - CJ)
(KIA တပ်ဖွဲ့ဝင်တစ်ဦး ။ ။ဓါတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း နှစ်ခုနှင့် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း တစ်ခုတို့ကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက် နိုင်ရေး ထိုးစစ်ဆင်လျက်ရှိပြီး မေလ ၁၃ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရှင်းထုတ်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မေလ ၇ရက်တွင် မံစီရဲစခန်းနှင့် မိုးမောက်ရဲစခန်းတို့အား KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီးနောက် ယင်းမြို့များရှိ စစ်ကောင်စီတပ်ဖွဲ့များကို ဆက်လက်ရှင်းလင်းခဲ့ရာ မေလ ၈ရက်တွင် မိုးမောက်မြို့မှ စစ်ကောင်စီတပ်ဖွဲ့များကို ရှင်းထုတ်နိုင်ခဲ့ပြီး မေလ ၁၃ရက်တွင် မံစီမြို့ပေါ်မှ စစ်ကောင်စီတပ်များကို ရှင်းထုတ်နိုင်ခဲ့သည်ဟုဆိုသည်။

” မံစီမြို့ကို သိမ်းလိုက်ပြီ။ စစ်တပ်စခန်းကျန်သေးတယ်။ ၆၀၁ နဲ့ ၃၁၉ စခန်းကြီး နှစ်ခု ကျန်သေးတယ်။ ဒီစခန်း ၂ခုရပြီဆိုရင် မံစီမြို့နယ်တစ်ခုလုံး စစ်တပ်ကင်းစင်နယ်မြေ ဖြစ်သွားပြီ။ မိုးမောက်မြို့ရတာနဲ့ မိုးမောက်မြို့နယ် တစ်ခုလုံး စစ်တပ်ကင်းစင်သွားပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

မိုးမောက်မြို့အနီးရှိ ခမရ(၄၃၇)တပ်ရင်းကို KIAက မေလ ၉ရက်ကတည်းက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေသကဲ့သို့ မံစီ၌ ကျန်နေသည့် ခမရ(၆၀၁)တပ်ရင်းနှင့် ခမရ(၃၁၉) တပ်ရင်းတို့အား ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

KIA သတင်းပြန်ကြားရေးဌာနကလည်း က မံစီတိုက်ပွဲသတင်းဖော်ပြခဲ့ရာ မံဂျေ(မံစီ)မြို့ရှိစစ်ကောင်စီတပ်စခန်းနှင့် အုပ်ချုပ်ရေးရုံးကို မေလ ၁၃ရက်က KIA ပူးပေါင်းတပ်ဖွဲ့က ရှင်းလင်းတိုက်ခိုက်နေသည်ဟု အသိပေးသည်။

မေလ ၁၃ရက် နံနက်ပိုင်းတွင် KIA ပူးပေါင်းတပ်က မံဂျေ(မံစီ)မြို့ကို ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ရာ မြို့အတွင်း လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်များကို KIA ပူးပေါင်းတပ်က ညနေပိုင်းအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်နှင့် Y12 ဗုံးကြဲလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့၍ နေအိမ်ပျက်စီးမှု ရှိခဲ့ပြီး မံဂျေမြို့နေပြည်သူများ လုံခြုံရာနေရာသို့ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

KIAပူးပေါင်းတပ်ဖွဲ့များကလည်း မံဂျေ(မံစီ)ဒေသကို အပြီးအစီးသိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းလည်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့သည်။

KIAသည် လက်ရှိတွင် ဆွမ်ပရာဘွမ်မြို့နယ်၊ မဘိမ်းမြို့နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထားပြီး မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကိုလည်း ထိန်းချုပ်ထားသည်။ စစ်ကောင်စီတပ်ရင်းဌာနချုပ်များအပါအဝင် စစ်ကောင်စီတပ်စခန်းများစွာကိုလည်း သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။