Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့၌ ယနေ့ တိုက်ပွဲငြိမ်သက်နေ၊ ဒေသခံအများစု ဗန်းမော်သို့ စစ်ရှောင်

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

(မိုးမောက်ဒေသခံများ စစ်ဘေးရှောင်လာကြစဉ်။ ဓာတ်ပုံ - သုညသုခ ပရဟိတလူငယ်အသင်း)
(မိုးမောက်ဒေသခံများ စစ်ဘေးရှောင်လာကြစဉ်။ ဓာတ်ပုံ - သုညသုခ ပရဟိတလူငယ်အသင်း)

နန်းနောင့်နောင့်/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့တွင် ယနေ့နံနက် ပစ်ခတ်မှုမရှိဘဲ ငြိမ်သက်နေပြီး ဒေသခံများသည် စစ်ဘေးရှောင်ရန် ဗန်းမော်မြို့သို့ ထွက်လာနေကြသည်။

“တိုက်ပွဲက မနေ့က ညနေမှာ စရပ်သွားတာ။ ဒီမနက်အထိ ပစ်ခတ်တာတွေ မရှိတော့ဘူး။ မနေ့တုန်းက လက်နက်ကြီးထိပြီး သေဆုံးတာတွေ ရှိတဲ့အပြင် တိုက်ပွဲလည်း ထပ်ဖြစ်နိုင်တယ်ဆိုပြီး ဒေသခံတွေ ထွက်လာနေ‌ကြတာ”ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။

မိုးမောက်မြို့မှ ထွက်လာသည့်စစ်ဘေးရှောင်များကို ဗန်းမော်မြို့မှ လူမှုရေးအဖွဲ့များက ယာယီစစ်ဘေးရှောင်စခန်းဖွင့်၍ လက်ခံထားသည်။ စစ်ဘေးရှောင်များ ဝင်ရောက်လာနေဆဲဖြစ်၍ အရေအတွက်အတိအကျမသိရသေးကြောင်းလူမှုကူညီအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

မိုးမောက်မြို့တွင် ယမန်နေ့ (ဧပြီ၂၂ရက်) နံနက် ၇နာရီမှစ၍ ညနေ ၃နာရီခန့်အထိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့သည်။ဗန်းမော်မြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာ၍ KIA က စောင့်ကြိုတိုက်ခိုက် ခြင်းဟု သတင်းရရှိသည်။

မြေပြင်၌တိုက်ပွဲ ပြင်းထန်နေစဉ် စစ်ကောင်စီက ဗန်းမော်မြို့အခြေစိုက်တပ်ရင်းများမှနေ၍ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ နေအိမ်အချို့ပေါ်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ လူငယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မိုးမောက်မြို့နှင့် (၉)မိုင်ခန့်ဝေးသောဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မ (၈၈)ရှေ့တန်းဌာနချုပ်နှင့် အမြောက်တပ်ရင်း(၃၆၆)အပြင် မိုးမောက်မြို့အနီးရှိ ခမရ-၄၃၇ တပ်ရင်းတို့ ရှိနေသည်။

ထိုနေရာများမှနေ၍ စစ်ကောင်စီက!လက်နက်ကြီးအင်အားသုံးပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

ထိုအချိန်မှစ၍ မိုးမောက်မြို့ပေါ်မှ ဌာနဆိုင်ရာရုံးများ ပိတ်သွားခဲ့ပြီး ဝန်ထမ်းများသည် ဗန်းမော်မြို့သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။