သတင်း သာယာဝတီထောင်မှာ ငွေမပေးတဲ့ နိုင်ကျဥ်းတွေကို မိလ္လာရေ သယ်ခိုင်းနေ သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 17, 2026
သတင်း တောင်ငူထောင်က နိုင်ကျဥ်း ၁၀၀ကို သာယာဝတီထောင် ရွှေ့ပြောင်း တောင်ငူအကျဉ်းထောင်မှာ အကျဉ်းသားဦးရေများပြားလာလို့ နိုင်ငံရေးအကျဉ်းသား ၁၀၀ အပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို သာယာဝတီအကျဉ်းထောင် ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။ ludunwayooဇူလိုင် 24, 2026
သတင်း သာယာဝတီထောင်မှာ ICRCကို အခွင့်အရေးတွေတင်ပြတဲ့ နိုင်ကျဉ်းတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို လိုအပ်ချက်အခွင့်အရေးတွေ တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အရာရှိနဲ့ ဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ထောင်တွင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ LuduNwayOoမတ် 9, 2026
သတင်း သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခြိမ်းခြောက်ခံနေရ ပဲခူးတိုင်း ၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးသမား ရာဇဝတ်အကျဉ်းသား ပြူးကြီးဆိုသူက ရိုက်နှင် ညှင်းပန်းတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က သြဂုတ် ၅ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။ ludunwayooဩဂုတ် 7, 2025
ဆောင်းပါး သာယာဝတီထောင်ငရဲခန်းမှ လွတ်မြောက်လာတဲ့ PDF တဦး အထက်အညာမှာအာဏာရှင်တော်လှန်ရေးအတွက်လက်နက်ကိုင်တော်လှန်ခဲ့တဲ့ဒေသကာကွယ်ရေးရဲဘော်(LDF)တဦးဟာ တော်လှန်ရေးတာဝန်တစ်ခုနဲ့ ပြည်နယ်တစ်ခုကို သွားရင်းစစ်ကောင်စီရဲ့ဖမ်းဆီးမှုခံလိုက်ရပါတယ်။ဒီဆောင်းပါးဟာသူဖြတ်သန်းခဲ့ရတဲ့ အကျဥ်းထောင်အတွင်းကညှင်းပန်းနှိပ်စက်မှုတွေအကြောင်းဖြစ်ပါတယ်။ ludunwayooဩဂုတ် 4, 2025
သတင်း သာယာဝတီထောင်မှာ နိုင်ကျဉ်းတစ်ဦးကို ရိုက်နှက်ပြီးတိုက်ပိတ်ထား ပဲခူးတိုင်း ၊သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 18, 2025
သတင်း သာယာဝတီထောင်မှာ နိုင်ကျဉ်း တစ်ဦးထပ်မံသေဆုံး ပဲခူးတိုင်း ၊ သာယာဝတီအကျဥ်းထောင်မှာလုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရလို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးထပ်မံသေဆုံးခဲ့ရ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM)ကထုတ်ပြန်ပါတယ်။ ludunwayooဇွန် 12, 2025
သတင်း ၂ လတာအတွင်း နိုင်ကျဉ်း ၄ ဦး ထောင်တွင်းမှာ အသက်ဆုံးပါး အခုနှစ် ၂ လတာကာလအတွင်း အကျဉ်းထောင်တွေမှာ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်း သား ၄ ဦးထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။ ludunwayooဖေဖော်ဝါရီ 28, 2025
သတင်း အင်းစိန်အကျဉ်းထောင်မှ နိုင်ကျဉ်းများအပါအဝင် အကျဥ်းသား ၅၀၀ခန့်ကို သာယာဝတီထောင်ပြောင်းရွှေ့ သာယာဝတီထောင်သည် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုတွင် နာမည်ကြီးသည့် အကျဉ်းထောင် တစ်ခုဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 30, 2024
သတင်း သာယာဝတီထောင်တွင် ဆေးဝါးစောင့်ရှောက်မှုမလုံလောက်၍ နိုင်ကျဉ်းတစ်ဦး ထပ်မံသေဆုံး ယခုနှစ် အကျဉ်းထောင်များအတွင်း သေဆုံးသူနိုင်ကျဉ်း ၁၄ဦးအထိရှိလာ ludunwayooအောက်တိုဘာ 17, 2024