Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခြိမ်းခြောက်ခံနေရ

ပဲခူးတိုင်း ၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးသမား ရာဇဝတ်အကျဉ်းသား ပြူးကြီးဆိုသူက ရိုက်နှင် ညှင်းပန်းတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က သြဂုတ် ၅ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သြဂုတ် – ၆ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း ၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးသမား ရာဇဝတ်အကျဉ်းသား ပြူးကြီးဆိုသူက ရိုက်နှင် ညှင်းပန်းတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က သြဂုတ် ၅ ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သာယာဝတီထောင် သီးသန့် (က/ခ) တိုက်မှာရှိတဲ့ နိုင်ကျဉ်းတွေကို နှစ်ကြီးအကျဉ်းသားပြူးကြီးဆိုသူက ထောင်ဝန်ထမ်းတွေနဲ့ပေါင်းပြီး ရိုက်နှက်တာ ၊ ခြိမ်းခြောက်တာ ၊အနိုင်ကျင့်တာတွေလုပ်ဆောင်နေတာလို့ PPNM က ဖော်ပြပါတယ်။

“ထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်တာမျိုး၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေကြားတစ်ခုခုဖြစ်တိုင်း တိုက်ပိတ်မခံရခင် ရိုက်နှက်တဲ့နေရာမှာ အများဆုံးပါဝင်ပတ်သက်ကျူးလွန်နေတာပါ ”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေဟာ သာယာဝတီထောင်က နိုင်ကျဉ်းတွေအတွက် စိုးရိမ်စရာဖြစ်တယ်လို့ PPNM က ဆိုထားပါတယ်။

ပြူးကြီးဆိုသူဟာ လူသတ်ဓားပြမှုနဲ့ သေဒဏ်ကျထားသူဖြစ်ပြီး အိုးဘိုးထောင်ကနေ သာယာဝတီထောင် ရောက်လာပြီးနောက် ထောင်ပိုင် ဦးရဲရင့်နိုင်ရဲ့ လက်အောက်ခံ အဖြစ် ထောင်ပြောင်းအကျဉ်းသား ကို လူမဆန်စွာ ရိုက်နှက်တာ ၊ ငွေညှစ်တာတွေ ပြုလုပ်သူလို့ PPNM က အသိပေးပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ သီးသန့် တိုက် က နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူကိုလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးပမ်းသလို ခေါင်းကွဲတဲ့အထိရိုက်နှက်ခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီထောင်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ထောင်ပိုင် ဦးရဲရင့်နိုင် ၊ ဒုထောင်ပိုင် ဦးဖြိုးဝေဦး ၊ ဦးစီးမှုး ဦးသန်းဝင်းတို့မှာတာဝန်ရှိတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။

သာယာဝတီထောင်ဟာ ကိုလိုနီခေတ်ကနေ စစ်အာဏာရှင်လက်ထက်အထိ ပုန်ကန်တော်လှန်သူတွေ ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ ပုံစံထောင်အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။