Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်အကျဉ်းထောင်မှ နိုင်ကျဉ်းများအပါအဝင် အကျဥ်းသား ၅၀၀ခန့်ကို သာယာဝတီထောင်ပြောင်းရွှေ့

သာယာဝတီထောင်သည် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုတွင် နာမည်ကြီးသည့် အကျဉ်းထောင် တစ်ခုဖြစ်သည်။

(အင်းစိန်ထောင်ရှေ့၌ လွတ်မြောက်လာသူများစောင့်ကြိုနေသော မိသားစုဝင်များအား ​၂ဝ၂၂ ခုနှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(အင်းစိန်ထောင်ရှေ့၌ လွတ်မြောက်လာသူများစောင့်ကြိုနေသော မိသားစုဝင်များအား ​၂ဝ၂၂ ခုနှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ဇေအောင်/People’s Spring

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်းထောင်မှ နိုင်ငံ‌ရေးအကျဉ်းသားများအပါအဝင် အကျဥ်းသား ၅၀၀ ခန့်ကို စစ်ကောင်စီက သာယာဝတီအကျဥ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ယနေ့(နိုဝင်ဘာ ၃ဝ ရက်) နံနက်က အင်းစိန်အကျဥ်းထောင်၌ အကျဥ်းသားဦးရေများပြားနေသည် ဟုအကြောင်းပြ၍ နိုင်ငံ‌ရေးအကျဉ်းသား၊ အကျဥ်းသူများနှင့် အခြားရာဇဝတ်အကျဥ်းသားများ အပါအဝင် အကျဥ်းသား ၅၀၀ခန့်ကို စစ်ကောင်စီက သာယာဝတီအကျဥ်းထောင်သို့ ထောင်ပြောင်းရွှေ့လိုက်ခြင်းဖြစ်ကြောင်း PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“သာယာဝတီထောင်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းရွှေ့တာဖြစ်ပြီး မိသားစုနဲ့ အဝေးဆုံးထောင်တွေကို ပြောင်းတယ်။ မိသားစုတွေလည်း ပါဆယ်အခက်အခဲ ကြုံတွေ့ရအောင်၊ အကျဥ်းထောင်ထဲမှာရှိတဲ့ နိုင်ကျဥ်းတွေလည်း စားသောက်ရေးခက်ခဲအောင်၊ တခြားထောင်တွေမှာ ငြိမ်ကျသွားအောင် ပြောင်းရွှေ့နေတာလို့ ပြောချင်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြောင်းရွှေ့သည့်အကျဥ်းသားများတွင် နိုင်ငံရေးအကျဥ်းသား မည်မျှပါသည်ကိုမူ မသိရှိရသေးပေ။

သာယာဝတီထောင်သည် နိုင်ငံရေးအကျဥ်းသားများအား ဖိနှိပ်မှုတွင် နာမည်ကြီးသည့် အကျဉ်းထောင် တစ်ခုဖြစ်သည်။ ထောင် ပြောင်းရွှေ့ခံရသူများမှာ ထောင်ဝင်စာပို့ရန်ခက်ခဲလာခြင်း၊ ငွေကုန်ကြေးကျ ပိုများလာခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ခြင်းများ ကြုံတွေ့ရကြောင်း နိုင်ငံရေးအကျဥ်းသားမိသားစုဝင်များက ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂၃ရက်ကလည်း အင်းစိန်ထောင်မှ အကျဉ်းသား၂၆၀ ကျော်ကို ဒိုက်ဦး‌အကျဉ်းထောင်သို့ ပြောင်းရွှေ့​ခဲ့သည်။ ယခုနှစ်အတွင်း အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားများအား အခြားထောင်များသို့ ​ပြောင်းရွှေ့မှု (၄)ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။