Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်မှာ နိုင်ကျဉ်းတစ်ဦးကို ရိုက်နှက်ပြီးတိုက်ပိတ်ထား

ပဲခူးတိုင်း ၊သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကိုနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) က သရုပ်ဖော် တင်ဆက်တဲ့ ရုပ်သံက မြင်ကွင်းတစ်ခု။ ဓာတ်ပုံ - AAPP

ဇူလိုင် – ၁၈ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း ၊သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက် ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင် ၁၆ ရက်က ထုတ်ပြန်ပါတယ်။

အသက် ၃၀ အရွယ် ကိုအောင်သူထက် တိုက်ပိတ်ခံရတာက ဇူလိုင် ၁၆ ရက်နေ့ဆိုရင် ၁၀ ရက်ကြာမြင့်လာပြီလို့ သိရပါတယ်။

သူ့ကို ဇူလိုင်လ ၆ ရက် မနက်ပိုင်းက အခြားအကျဉ်းသားတစ်ဦးနဲ့ ခိုက်ရန်ဖြစ်ပွားတယ်ဆိုပြီး ထောင်ဝန်ထမ်းက ရိုက်နှက်ရာမှာ ပခုံးအဆစ်ပြုတ်သွားပြီး ဆေးကုမပေးဘဲ ထားရစ်ခဲ့တာကြောင့် အခြားနိုင်ငံရေးအကျဉ်းတွေက တောင်းဆိုရာမှာတော့ နေ့ခင်းပိုင်း ၂ နာရီ ဝန်းကျင်မှာဆေးကုသခွင့်ရခဲ့တာလို့ PPNM က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် တိုက်ပိတ်ခံရတာပါ။ တိုက်ပိတ်တယ်ဆိုတာကတော့ အလင်းရောင်လုံလုံလောက်လောက်မရတဲ့အပြင် လေဝင်လေထွက်မကောင်းတဲ့အခန်းကျဉ်းထဲမှာ ပိတ်လှောင်ထားတာဖြစ်ပါတယ်။

“သာယာဝတီထောင်ဟာ ထောင်အာဏာပိုင်ကအစ အောက်ခြေဝန်ထမ်းတွေအထိ နိုင်ငံရေးအကျဥ်းသားတွေအပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်နေတဲ့ ထောင်တစ်ခုဖြစ်တယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သာယာဝတီထောင်ဟာ ကိုလိုနီခေတ်ကတည်းကစပြီး ပုန်ကန်တော်လှန်သူတွေ​၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပုံစံထောင်ဖြစ်ပါတယ်။

သာယာဝတီထောင်ကို ပြောင်းရွေ့လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ ထောင်ထဲမထည့်ခင် ဘူးဝမှာတင် ရိုက်နှက်တာမျိုး ပြုလုပ်လေ့ရှိတယ်လို့ နွေဦးတော်လှန်ရေးကာလအတွင်း သာယာဝတီထောင်မှာ အကျဉ်းကျခံခဲ့ရသူတစ်ဦးက ပြောပြပါတယ်။

စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုအပြီး ၂၀၂၃ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဇူလိုင် ၁၆ရက်အထိ သာယာဝတီထောင်မှာ ​လုံလောက်တဲ့ဆေးဝါးကုသခွင့်မရခဲ့လို့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၈ဦးထိရှိပါတယ်။

အကျဉ်းထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကိုနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP ) က သရုပ်ဖော် တင်ဆက်တဲ့ ရုပ်သံက မြင်ကွင်းတစ်ခု

ဓာတ်ပုံ – AAPP

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။