နိုင်ငံတကာ အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အတွက် ဟားမားစ် ခေါင်းဆောင်သစ် အပါအဝင် ၆ ဦးကို အမေရိကန်က စွဲချက်တင် အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။ ludunwayooစက်တင်ဘာ 4, 2024
နိုင်ငံတကာ ဓားစာခံ ၆ ယောက် သေဆုံးမှုကို အစ္စရေးနိုင်ငံအနှံ့ လူပေါင်း သိန်းနဲ့ချီ ဆန္ဒပြ ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ၆ ဦး သေဆုံးသွားတယ် ဆိုတာကို အတည်ပြု ကြေညာခဲ့တဲ့နောက် စစ်ပွဲနဲ့ ပတ်သက်ပြီး အစိုးရရဲ့ စီမံခန့်ခွဲမှုကို မကျေမနပ် ဆန္ဒပြမှုတွေ အစ္စရေးမှာ ပေါ်ပေါက်လာပါတယ်။ ludunwayooစက်တင်ဘာ 2, 2024
နိုင်ငံတကာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး စစ်ပွဲဖြစ်နိုင်ခြေအတွက် စိုးရိမ်နေရ အစ္စရေး စစ်တပ်နဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကြား လက်နက် အင်အား အလုံးအရင်း အသုံးပြုပြီး အပြန်အလှန် တိုက်ခိုက်နေတဲ့နောက် အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲကြီးတစ်ခု ပေါ်ပေါက်လာမှာကို အလေးအနက် စိုးရိမ်ရတဲ့ အခြေအနေမျိုး ဖြစ်လာပါတယ်။ ludunwayooဩဂုတ် 26, 2024
နိုင်ငံတကာ ဟစ်ဇ်ဘိုလာ လက်နက်ရုံကို အစ္စရေး ဖျက်ဆီး၊ ဟစ်ဇ်ဘိုလာတွေက ဒုံးကျည် ရာနဲ့ချီ ပစ်ခတ်ပြီး တုံ့ပြန် အစ္စရေးနိုင်ငံ မြောက်ပိုင်းကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ဒုံးကျည် ရာဂဏန်းလောက် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးက ကြေညာခဲ့ပါတယ်။ ludunwayooဩဂုတ် 21, 2024
နိုင်ငံတကာ ဂါဇာမှာ စစ်ရှောင်တွေ ခိုလှုံနေရာ စာသင်ကျောင်းကို အစ္စရေး လေကြောင်းကနေ တိုက်ခိုက်၊ ၇၀ ကျော်သေဆုံး ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးက စစ်ရှောင် ဒုက္ခသည်တွေ အများအပြား စုဝေးနေထိုင်ရာ ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတွေဖက်က ထုတ်ပြန်ခဲ့ပါတယ်။ ludunwayooဩဂုတ် 11, 2024
နိုင်ငံတကာ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့ လက်တုံ့ပြန်လာနိုင်ခြေကြောင့် အမေရိကန်နဲ့ ပူးပေါင်းပြီး အစ္စရေး အပူတပြင်း ပြင်ဆင်နေ ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့နဲ့ အီရန်တို့က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်လာနိုင်တဲ့ အခြေအနေတွေအတွက် အစ္စရေးနဲ့ မဟာမိတ် အမေရိကန်တို့ ပူးပေါင်းပြီး ကြိုတင် ပြင်ဆင်မှုတွေ အပူတပြင်း လုပ်ဆောင်နေပါတယ်။ ludunwayooဩဂုတ် 9, 2024
နိုင်ငံတကာ အီရန်ရဲ့ လက်တုံ့ပြန်နိုင်ခြေကြောင့် အစ္စရေးကို ကာကွယ်ဖို့ အမေရိကန် တိုက်လေယာဉ်တွေ ဖြန့်ကျက် အီရန်နဲ့ ဒေသတွင်း မဟာမိတ် လက်နက်ကိုင် အင်အားစုတွေက လက်တုံ့ပြန် တိုက်ခိုက်လာရင် အစ္စရေးကို ကူညီ ကာကွယ်ဖို့အတွက် အမေရိကန်က အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်လေယာဉ်တွေ တိုးမြှင့် ဖြန့်ကျက်ထားလိုက်ပါတယ်။ ludunwayooဩဂုတ် 3, 2024
နိုင်ငံတကာ ဟားမားစ် ထိပ်တန်း စစ်ဦးစီးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေး ထုတ်ပြန် ဟားမားစ် ပြောက်ကျားတွေရဲ့ ထိပ်တန်း စစ်ဦးစီး အရာရှိ မိုဟာမက် ဒိုင်ဖ်ကိုလည်း ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။ ludunwayooဩဂုတ် 2, 2024
နိုင်ငံတကာ ဟားမားစ်ခေါင်းဆောင် အီရန်မှာ လုပ်ကြံခံရ၊ အစ္စရေး လက်ချက်လို့ စွပ်စွဲ တဟီရန်မြို့တော်က လေကြောင်းတိုက်ခိုက်မှု တစ်ခုမှာ ဟာနီယာ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဟားမားစ်က ထုတ်ပြန်ခဲ့ပါတယ်။ ludunwayooဇူလိုင် 31, 2024
နိုင်ငံတကာ ပါလက်စတိုင်းဆီ တပ်တွေလွှတ်မယ်လို့ တူရကီ သမ္မတခြိမ်းခြောက်၊ ဆက်ဒမ်ဟူစိန်လို အဖြစ်မျိုး ကြုံသွားမယ်လို့ အစ္စရေးတုံ့ပြန် အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ကာကွယ်ဖို့အတွက် လိုအပ်လာရင် ပါလက်စတိုင်း နယ်မြေတွေထဲ တပ်တွေ စေလွှတ်ရလိမ့်မယ်လို့ တူရကီ သမ္မတက သတိပေး ခြိမ်းခြောက်ခဲ့တဲ့အပေါ် အစ္စရေးဖက်က တင်းတင်းမာမာ တုံ့ပြန်ခဲ့ပါတယ်။ ludunwayooဇူလိုင် 30, 2024