Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်က စစ်ရေးပစ်မှတ်တွေကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်

အီရန်နိုင်ငံ ပိုင်နက်ထဲက ပစ်မှတ်တချို့ကို အစ္စရေး ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အီရန်နိုင်ငံ ပိုင်နက်ထဲက ပစ်မှတ်တချို့ကို အစ္စရေး ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အစ္စရေး စစ်တပ် (IDF)က အောက်တိုဘာ ၂၆ ရက်နေ့ မနက်အစောပိုင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ အစ္စရေးအပေါ် အီရန်နဲ့ လက်ဝေခံ အင်အားစုတွေက လပေါင်းများစွာ ရန်လို တိုက်ခိုက်နေမှုအတွက် လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို တိတိကျကျ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့လည်း IDFက ပြောပါတယ်။

အီရန် မီဒီယာတွေက မြို့တော် တဟီရန် တဝိုက်မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေရကြောင်း ဖော်ပြခဲ့ပြီး မကြာခင်မှာပဲ IDFက အီရန်နိုင်ငံ ပိုင်နက်ထဲ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မဟာမိတ် ဟားမားစ်အဖွဲ့ရဲ့ ခေါင်းဆောင်ကို နိုင်ငံပိုင်နက်ထဲမှာ လုပ်ကြံခံရတဲ့ အခြေအနေအတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အောက်တိုဘာ ၁ ရက်နေ့က အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည် အစင်းပေါင်း ၂၀၀ ကျော် ပစ်ခတ်ခဲ့ဖူးပါတယ်။ အဲဒီ ကိစ္စအတွက် သေချာပေါက် အကျိုးဆက်တွေ ရင်ဆိုင်လာရစေမယ်လို့ အီရန်ကို IDFက ကြုံးဝါးထားခဲ့ပြီး အခုလိုမျိုး တစ်လနီးပါး အကြာမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

IDF ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဒန်နီရယ်လ် ဟာဂါရီက အစ္စရေးဟာ ကိုယ့်ကို ထိခိုက်ရန်ပြုလာတာတွေကို တုံ့ပြန်ဖို့ တာဝန်ရော၊ အခွင့်အရေးပါ ရှိကြောင်း၊ အဲဒီအတွက် အစ္စရေးရဲ့ ခံစစ်ရော၊ တိုက်စစ် အခင်းအကျင်းတွေကိုပါ အသင့်ပြင်ဆင် ရွှေ့ပြောင်းထားကြောင်း ပြောပါတယ်။

အစ္စရေးရဲ့ အဓိက စစ်မဟာမိတ်ဖြစ်တဲ့ အမေရိကန်က အီရန်မှာ အစ္စရေး လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အစ္စရေးရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ထဲမှာ အကျုံးဝင်တယ်လို့ ကာကွယ် ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းက အီရန်ရဲ့ ဒုံးကျည်တွေ အစ္စရေးကို အလုံးအရင်း ပစ်ခတ်ခဲ့တဲ့ အခြေအနေကို တုံ့ပြန်တဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်မျိုး အစ္စရေးမှာ အပြည့်အဝ ရှိသင့်တယ်လို့ နားလည်ထားကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးသွားခဲ့ပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၆ ရက်နေ့ အစ္စရေး တိုက်ခိုက်မှုတွေမှာ အမေရိကန် ပါဝင်ကူညီမှု လုံးဝမရှိကြောင်း အမေရိကန်ဖက်က ငြင်းဆိုထားပါတယ်။

အဲဒီတုန်းက အီရန် တိုက်ခိုက်မှုမှာ ဒုံးကျည် အများစုကို အစ္စရေးနဲ့ မဟာမိတ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမယ့် ဒုံးကျည် နည်းနည်းလောက်ကတော့ အစ္စရေး တောင်ပိုင်းနဲ့ အလယ်ပိုင်း နယ်မြေတွေကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ အီရန်ဟာ ဧပြီလတုန်းကလည်း အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။

လက်ရှိ အစ္စရေး-အီရန် တင်းမာမှုတွေကြောင့် အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ အစ္စရေး-ဟားမားစ်၊ အစ္စရေး-ဟစ်ဇ်ဘိုလာ အရေးထက် ပိုမို ကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို အရေးယူ တုံ့ပြန်မလဲ ဆိုတာကို အီရန်က မကြေညာသေးပါဘူး။ ပြီးတော့ အီရန်မှာ ထိခိုက်ပျက်စီးမှုတွေ ဘယ်လောက်ထိ ရှိခဲ့သလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

ဆီးရီးယား သတင်းဌာနတွေက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဆီးရီးယား အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ အီရန်မဟာမိတ် ပြောက်ကျား တပ်တွေရဲ့ စခန်းတွေကိုပါ ပစ်မှတ်ထားခဲ့ကြောင်း ဖော်ပြထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Facebook