Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို ပိုမို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ အီရန် စဉ်းစားနေတယ်လို့ဆို

အစ္စရေးကို ပိုမိုပြင်းထန်တဲ့ စစ်လက်နက်တွေ အသုံးပြု တိုက်ခိုက်ဖို့ အီရန်ဖက်က အစီအစဉ် ရှိနေတယ်လို့ ဆိုပါတယ်။

အစ္စရေးကို ပိုမို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ အီရန် စဉ်းစားနေတယ်လို့ဆို
အစ္စရေးကို ပိုမို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ အီရန် စဉ်းစားနေတယ်လို့ဆို

အီရန်နဲ့ အာရပ်နိုင်ငံ တချို့ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ တချို့ကို ကိုးကားပြီး Wall Street Journalက အခုလို ဖော်ပြခဲ့တာပါ။ အီရန် မဟာမိတ် ပြောက်ကျား တပ်ဖွဲ့ဝင်တွေရဲ့ ခေါင်းဆောင်ပိုင်းတွေ လုပ်ကြံ ခံရတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အောက်တိုဘာ ၁ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည်နဲ့ဒရုန်း အစင်း ၂၀၀ နီးပါးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အစ္စရေးက အီရန်ပိုင်နက်ထဲက စစ်ရေး ပစ်မှတ် တချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို စစ်မှုထမ်း ၄ ဦး သေဆုံးခဲ့တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီဖြစ်စဉ် အပြီးမှာတော့ အီရန်စစ်တပ်က ငြိမ်ခံနေမှာ မဟုတ်ဘဲ အစ္စရေးကို နောက်ထပ် လက်တုံ့ပြန်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အီရန် စစ်ဘက် အရာရှိ တချို့က ဒီတစ်ကြိမ် တိုက်ခိုက်မှုမှာ သမားရိုးကျ ဒုံးကျည်တွေ၊ ဒရုန်းတွေတင် မကဘဲ ပေါက်ကွဲအား ပိုမိုပြင်းထန်တဲ့ ထိပ်ဖူးတပ် ဒုံးကျည်လို လက်နက်တွေပါ ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

Wall Street Journalက မေးမြန်းခဲ့တဲ့ အမည်မဖော်တဲ့ အီရန် စစ်မက်ရေးရာ သတင်းရင်းမြစ်တွေက အစ္စရေးကို အောက်တိုဘာလဆန်းနဲ့ ဧပြီလလယ်တုန်းက တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေထက် ပိုမို အစွမ်းထက်တဲ့ လက်နက်တွေကို ထုတ်သုံးဖို့ အသင့်အနေအထား ရှိနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း အီရန် အစိုးရ ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ထိပ်တန်း အကြံပေး တစ်ဦးဖြစ်တဲ့ ကာမဲလ် ခါရက်ဇီက အီရန်ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေးအတွက် အလေးထား စဉ်းစားနေတယ်လို့ သတိပေးခဲ့ပါတယ်။

ခါရက်ဇီက နည်းပညာပိုင်းအရ အီရန်ဟာ နျူကလီးယား လက်နက်တွေ လက်တွေ့ ထုတ်လုပ် ပိုင်ဆိုင်နိုင်လောက်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း၊ တကယ်လို့ ပြည်ပ ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ဆက်ပြီး ကြုံတွေ့နေရမယ် ဆိုရင်တော့ နိုင်ငံရဲ့ နျူကလီးယားရေးရာ မူဝါဒတွေကို ပြန်လည် သုံးသပ် စဉ်းစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ယူရေနီယမ် သန့်စင်မှုတွေ လုပ်ဆောင်နေကြောင်း စွပ်စွဲထားပေမယ့် အီရန်ကတော့ နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ အရပ်ဖက်သုံး စွမ်းအင်ကဏ္ဍ အတွက်သာ ရည်ရွယ်တယ်လို့ တစိုက်မတ်မတ် အကြောင်းပြချက် ပေးထားခဲ့ပါတယ်။

ကိုးကား: Wall Street Journal

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။