Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီကို ပိတ်ပင်ဖို့ အစ္စရေး လွှတ်တော် အတည်ပြု

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီကို ပြည်တွင်းမှာ လုပ်ငန်းလည်ပတ်ခွင့် ပိတ်ပင်ဖို့ ဥပဒေကို အစ္စရေး လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီကို ပိတ်ပင်ဖို့ အစ္စရေး လွှတ်တော် အတည်ပြု
ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီကို ပိတ်ပင်ဖို့ အစ္စရေး လွှတ်တော် အတည်ပြု

အစ္စရေးရဲ့ ဥပဒေပြု လွှတ်တော်မှာ အောက်တိုဘာ ၂၈ ရက်နေ့တုန်းက မဲခွဲဆုံးဖြတ်မှုမှာတော့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကူညီရေး လုပ်ငန်း အေဂျင်စီ (UNRWA)ကို အစ္စရေး မြေပေါ်မှာ လုပ်ငန်းလည်ပတ်ခွင့် ပိတ်ပင်ဖို့ အမတ်တွေက ၉၂ မဲ၊ ၁၀ မဲနဲ့ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

အခုဥပဒေကို အတည်ပြုနိုင်ခဲ့ခြင်းနဲ့အတူ အစ္စရေး မြေပေါ်မှာ UNRWAရဲ့ လှုပ်ရှားမှုတွေ တားမြစ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အစ္စရေး ဥပဒေပြု လွှတ်တော်က လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ ဟီးဘရူး ဘာသာနဲ့ ရေးသား ကြေညာခဲ့ပါတယ်။

အစ္စရေးဟာ UNRWAနဲ့ သံတမန်ရေး အဆက်အသွယ် ဖြတ်တောက်ပစ်ရေး အဆိုပြုထားတဲ့ ဥပဒေကြမ်း တစ်ခုဟာလည်း လွှတ်တော်မှာ အတည်ပြုချက် ရရှိခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အစ္စရေးဟာ အရင်ကတည်းက UNRWAအပေါ် တင်းမာတဲ့ သဘောထားတွေ ပြသခဲ့ရာကနေ အခုတော့ နိုင်ငံပိုင်နက်ထဲမှာ အခြေစိုက်ခွင့်ကိုပါ ဖယ်ရှားပစ်ဖို့ ခြေတစ်လှမ်း တိုးလိုက်တဲ့ သဘောပါပဲ။ ဥပဒေဟာ ၃ လအတွင်း အသက်ဝင်လာမှာ ဖြစ်တာကြောင့် နောက်ထပ် ရက်ပေါင်း ၉၀ အတွင်း UNRWAဟာ အစ္စရေးကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အကြမ်းဖက်သမားတွေဟာ UNRWA ဝန်ထမ်းတွေအဖြစ် အသွင်ယူ ခိုအောင်းနေတာတွေ ရှိခဲ့ကြောင်း၊ လူသားချင်း စာနာမှု လုပ်ငန်းတွေက အရေးကြီးတယ်ဆိုတာ သဘောပေါက်ကြောင်း၊ ဒါကြောင့် ဂါဇာ ကမ်းမြှောင်ဒေသမှာတော့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေက ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေစေမှာဖြစ်ကြောင်း Xမှာ ရေးသားခဲ့ပါတယ်။

ဟားမားစ် ပြောက်ကျား တပ်ဖွဲ့ဝင်တွေဟာ UNRWA ဝန်ထမ်းတွေအဖြစ် အလုပ်လုပ်နေပြီး မနှစ်တုန်းက အောက်တိုဘာလမှာ အစ္စရေး ပိုင်နက်ထဲ ဟားမားစ်တွေ ကျူးကျော် စစ်ပြုခဲ့တုန်းက အဲဒီ ဝန်ထမ်းတွေပါ စိတ်တူကိုယ်တူ ပါဝင်ခဲ့ကြောင်း အစ္စရေးက အထောက်အထားတွေ ထုတ်ပြပြီး စွပ်စွဲထားပါတယ်။

UNRWAရဲ့ အကြီးအကဲ ဖိလစ် လက်ဇာရီနီကတော့ အစ္စရေး ဥပဒေပြု လွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်ဟာ မျှော်လင့်မထားသလို ဖြစ်လည်းမဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ ဝေဖန်သွားပါတယ်။ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂ ကြေညာစာတမ်းနဲ့ ဆန့်ကျင်နေသလို နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပါမယ်ဆိုတဲ့ အစ္စရေးရဲ့ ကတိကဝတ်တွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း လက်ဇာရီနီက Xမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။