News ကော်ဘရာစစ်ကြောင်းနဲ့ ဗိုလ်စောအယ်စေးဝါးတို့ တပ်ဖွဲ့ကို ပြည်သူတွေက သပြေပန်းနဲ့ကြို အောင်ပွဲရဲ ကော်ဘရာစစ်ကြောင်းနဲ့ KNDO က ဗိုလ်စောအယ်စေးဝါးတပ်ဖွဲ့ဝင်ကို ဒေသခံပြည်သူတွေက အောင်သပြေ ပန်းကုံးတွေနဲ့ကြိုဆိုဂုဏ်ပြုခဲ့ပြီး မနက်စာနဲ့တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းပြောခွင့်ရသူထံကနေ သိရပါတယ်။ LuduNwayOoမေ 24, 2022
News သေ့ဘော့ဘိုးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခြောက်ဦးအရှင်ဖမ်းမိ၊ လက်နက်မျိုးစုံ ၁၂လက်နှင့် ခဲယမ်းများရဟု ကော်ဘရာစစ်ကြောင်းအသိပေး တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ခြောက်ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲ ဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoမေ 19, 2022
News စစ်ကောင်စီတပ်က ပိုပြင်းထန်သည့်ဗုံးများသုံး၍ လေကြောင်းမှတိုက်ခိုက်၊ အင်အားဖြည့်တင်းလာ၍ တိုက်ပွဲပိုပြင်းထန်နိုင်ဟု ကော်ဘရာစစ်ကြောင်းတပ်မှူးပြော စစ်ကောင်စီတပ်သည် မေလ ၁၈ရက် နေ့ခင်းပိုင်းတွင် တိုက်လေယာဉ် နှင့် ရဟတ်ယာဉ်များ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြိမ် ၃၀ ကျော် ရှိသည်ဟုသိရသည်။ LuduNwayOoမေ 19, 2022
News ပြည်သူက မထောက်ခံရင် တွန်းလှန်စစ်မတိုက်ဘဲထိုင်နေလည်း စစ်တပ်က ကျမှာပဲလို့ ကော်ဘရာစစ်ကြောင်းမှူးပြော ကော်ဘရာစစ်ကြောင်းကတော့ ဘယ်လောက်ပဲအင်အားနည်းနည်း ဘယ်လောက်ပဲ လက်နက်မကောင်း မပြည့်စုံပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက အခုတော်လှန်ရေးထဲမှာ ပူးပေါင်းပါဝင်လို့ လုံး၀အောင်မြင်မှာဖြစ်တယ်လို့ ဗိုလ်ဒါဘောက ဆိုပါတယ်။ LuduNwayOoမေ 11, 2022
News စစ်ကောင်စီတပ်သားနှစ်ဦး CDM လုပ်ပြီး ကော်ဘရာ စစ်ကြောင်းထံ ခိုလှုံ ကော်ဘရာစစ်ကြောင်းအနေဖြင့် CDM ခိုလှုံလာသော အရာရှိစစ်သည်များ၊ ၎င်းတို့၏ မိသားစုဝင်များ၏ လုံခြုံရေး၊ နေထိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး CDM ပြုလုပ်လိုပါက ဆက်သွယ်ရန် အသိ ပေးထားသည်။ LuduNwayOoဧပြီ 30, 2022
News ကော်ဘရာစစ်ကြောင်းသို့ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးရှိ၊ CDM လုပ်မည့် စစ်သားများဆက်ရှိဟု PDF တပ်မှူးပြော CDM ခိုလှုံသူများ ဖြစ်သည့် ခမရ (၁) သထုံမှ တပ်သားဝင်းထွန်းနှင့် ခမရ (၅၅၉ )ဘုတ်ပြင်းမှ တပ်သားကျော်ဇောဟိန်းတို့သည် မတ်လ ၁၀ရက်က ကော်ဘရာစစ်ကြောင်းထံဆက်သွယ် ခိုလှုံလာကြောင်း အဆိုပါ စစ်ကြောင်းက ယနေ့ ထုတ်ပြန်ခဲ့သည်။ LuduNwayOoဧပြီ 26, 2022
News လေးကေကော်နီးက ဖလူးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦးသေတယ်လို့ ကော်ဘရာစစ်ကြောင်းထုတ်ပြန် ဧပြီ ၂၁ ရက် ည ၆ နာရီခွဲအချိန်ခန့်က KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁)တပ်တို့အကြား ဖလူးကျေးရွာအနီးမှာ ထိတွေ့မှုဖြစ်ပွားခဲ့တာပါ။ LuduNwayOoဧပြီ 22, 2022
News ကော်ဘရာစစ်ကြောင်းရဲ့ လက်နက်ကြီးထိလို့ စစ်ကောင်စီတပ်သား ၅ ဦးလောက် ထိခိုက်သေဆုံးနိုင်တယ်လို့ ဆို လေးကေကော်ဒေသမှာ မနေ့ညပိုင်း ၁၁ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ စွယ်တော်ကုန်းနဲ့ ကြက်ကင်ကုန်းကနေ လေးကေကော်ဒေသထဲကို လက်နက်ကြီးပစ်ခတ်မှုတွေရှိသလို လေယာဉ်နဲ့ လာရောက်ပျံဝဲတာတွေ ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ LuduNwayOoဧပြီ 19, 2022
News လေးကေကော်မြို့သစ်ထဲမှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန် ကော်သူးလေအုပ်ချုပ်နယ်မြေ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ရဲ့ ဒေါနအရှေ့ခြမ်းဖြစ်တဲ့ လေးကေကော်ဒေသအပါအဝင် ဖလူး ဝေါ်လေ စုကလိဒေသထဲကို စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့တပ်ဟာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေအပြင် တပ်မ ၂၂ တပ်မ ၄၄ နဲ့ နယ်ခြားစောင့်တပ်တွေပါ ပါဝင်နေတာဖြစ်ပါတယ်။ LuduNwayOoဧပြီ 16, 2022
News စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ ကျည်များ ထပ်မံသိမ်းဆည်းရမိဟု ကော်ဘရာစစ်ကြောင်း အသိပေး စစ်ကောင်စီတပ်အနေဖြင့် ပူးပေါင်းတပ်၏ စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်မည်အထင်ဖြင့် ထိုးစစ်ဆင်လာသော်လည်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ ယခု ညပိုင်းအချိန်ထိ စစ်ရေးငြိမ်သက်နေပြီး စစ်ကောင်စီတပ်မှ လှုပ်ရှားမှုကို မတွေ့ရကြောင်း အဆိုပါတပ်မှူးက ပြောသည်။ LuduNwayOoဧပြီ 15, 2022